ရာသီတော်ဦး

တိမ်ပြာမိလ္လာရီ တပေါင်းလမီ၊ လေညှင်းသွေးလို့ မွှေးတော့သည်၊ အင်ကြင်းသရဖီ ပွင့်လန်းကာ စွဲလန်းကာရည် ပန်းရနံ့ချီ။
သံပြိုင်။ ။ မြိုင်မဟီ၊ ရွက်သစ်ပြောင်းလို့ ရွက်ဟောင်းကြွေပြီ၊ပျို့ငယ်ပေါင်းနဲ့ ဆုတောင်းပါသည်၊ ဖူးစာတော် ရေးလို့စီ၊ ပြောလိုက်ပါ သော်တာယုံစန္ဒီ၊ မှာလိုက်ပါရစီ၊ နွေဦးပြောင်းလို့ အောက်မေ့သည်၊ ပျို့ချစ်သူဆီ၊ နေ့တိုင်းပင် စွဲလန်းကာရည် ပန်းရနံ့ကြည်/ လွမ်းမိသည်၊ အာကာယံထဲမှာ နွှဲကာပျံဝဲကြသည်၊ ကျေးဖိုမစီ၊ မိုးတိမ်ဦးမှာ ပျော်မြူးကာ ဖူးစာဖက်သည် တမ်းတကာ ရည်မှန်းလို့ လွမ်းသည်။/ ချစ်တဲ့သူကိုစိတ်တမ်း မှန်းရသည်။
သံပြိုင်။ ။မြိုင်မဟီ ............................. လွမ်းမိသည်။ ချိန်ခါမီပေါင်းမည်၊ မိန်ရာသီပြောင်းပြီ၊ ချိန်ခါမီပေါင်းမည်၊ မျှော်တာကြာပြီ၊ စင်ရော်သူ နွှဲပြန်သည်၊ သောင်ယံကမ်းမြင့် နဒီ၊ မောင်မယ်ကြည်နူး မြူးပျော်သည်၊ ထူးမြတ်တဲ့ခါမီ၊ ရာသီတော်ပွဲ သဲစေတီ၊ စဉ်လာရှေးထုံးအညီ၊ ကြည်လင်ရွှင်လန်း ပန်းဝေရီ ဘေးမသန်း အေးချမ်းသည်။ အာကာယံထဲ .......................... တပေါင်းလဆန်းမီ။
သံပြိုင်။ ။မြိုင်မဟီ........................လွမ်းမိသည်။

မာတိကာ သို့ .....