သမ၀ါယမ

သံပြိုင်။ ။(ရောင်းဝယ်ရေး အားပေးဆောင် ကြည်အောင်ကြံစည်၊ တိုင်းပြည်လုံးသုံးတဲ့ ကုန်အစုံရှိသည်၊ နေ့စဉ်ပဲ ရောင်းရတယ်ဝယ်သူတွေစည်၊ လက်မလယ်ပေါင် မောင်ကူညီ၊ (မျိုးတို့ဗမာ တိုင်းပြည်အကုန်လုံးဘဲ ချမ်းသာကြွယ်ဝမည်) )။ တိုင်းပြည်လုံး သုံးစွဲပါ မြန်မာကုန်အညီ၊ မြို့ရွာတိုင်း အမျိုးသားဆိုင် တည်တန့်မည်၊ ရောင်းဝယ်ရေး သူဌေးဖြစ်ရန် ဧကန်မှန်သည်၊ အထူးပင်ကြံစည်၊ မြန်မာပြည် တွင်ကျယ်အောင် ရောင်းပန်းပွင့်မည်၊ မြန်မာတွေ ကောင်းစားတော့မည်၊ ဗမာအချင်းချင်း ယိုင်းပင်းတော့သည်၊ ပျိုကြည်အောင် စီးပွားရေးလမ်းကို အမြဲမှန်းရည်။
သံပြိုင်။ ။(ရောင်းဝယ်ရေး .................... ချမ်းသာကြွယ်ဝမည်)။
မြို့ရွာတိုင်း အမျိုးဆိုင် တည်ကာအညီ၊ တိုင်းပြည်လုံးသုံးတဲ့ ကုန်အစုံရှိသည်၊ နေ့စဉ်ဘဲရောင်းရတယ် ၀ယ်သူတွေစည်၊ လက်မလယ်ပေါင် မောင်ကူညီ၊
(ရှယ်ယာပေါင်း စုဆောင်းပြီး ရောင်းဝယ်ရေးတည် ကြီးပွားရေးလုပ်မည်၊ စာရင်းမှတ်ပုံ တင်သွင်းမည်)2၊
မြန်မာပြည်ကောင်းမြတ်ဖို့ ပျိုစိတ်ထားသည်၊ အမျိုးသားတို့ ပိုင်တဲ့ဆိုင် အကုန်တ်ည၊ ပါဝင်နိုင်သည် ကြီးပွားရေး လမ်းကိုမှန်းရည်၊ သမ၀ါယမဆိုင်ကိုတည်၊ ရှယ်ယာပေါင်း စုဆောင်းပြီး ရောင်းဝယ်တော့သည်၊ အစိုးရတို့ သိနိုင်စေခြင်း မှတ်ပုံတင်သွင်းမည်၊ တွင်ကျယ်အောင် ရောင်းပန်းပွင့်မည်၊ မြန်မာတွေ ကောင်းစားတော့မည်၊ ဗမာအချင်းချင်း ရိုင်းပင်းတော့သည်၊ ပျိုကြည်အောင် စီးပွားရေးလမ်းကို အမြဲမှန်းရည်။ ရွှေငွေပေါများသည်၊ မြန်မာအားလုံး သုံးစွဲကြမည်၊ နယ်ပြည်ကျေး ရောင်းဝယ်ရေးကို တွေးမျှော်မှန်းကာရည်၊ မြန်မာတိုင်းလုံးပြည်၊ စည်ပင်ထွန်းကား ကြလိမ့်အုန်းမည်၊ တေဇာဖြိုး စည်းစိမ်မညှိုး တို့ တိုးပွားကြတော့မည်၊ ကုန်စုံဆိုင်ကြီးတည်မည် မြန့်မာဂုဏ်ရည်၊ လိုတာကိုရနိုင်သည်၊ ၀ယ်ယူသုံးစွဲမည်၊ မြန်မာတိုင်းလုံးပြည် စည်ပင်ထွန်းကား ကြလိမ့်အုန်းမည်၊ တေဇာဖြိုး စည်းစိမ်မညှိုးတို့ တိုးပွားကြတော့မည်။

မာတိကာ သို့ .....