တမ်းတ

တိမ်များကို ကြည့်ငေးရင်း အတွေးများ ရွေ့နေစဉ်
လေပြည်ညင်းနဲ့ လွင့်လာတဲ့ အတိတ် သံစဉ်ဟောင်းရယ်
တစ်ချိန်က ပိုင်ဆိုင်ခဲ့သမျှ အိပ်မက်တစ်ခုလိုသာ
တကယ် ဆုံးရှုံးခဲ့ပြီလား အမေးတွေ ရင်ထဲကြေကွဲ

ကံကြမ္မာရဲ့ အပြောင်းအလဲတွေ့တိုင်း ရင်ဆိုင်ဖြတ်ရင်းလေ
ဟေး ..... ငါ့အတွက် အဆုံးမှာ ဘယ်သူရှိမလဲ
ပြန်ဆုံချင်လည်း မရနိုင်မှန်း ငါ တကယ်သိလျက်နဲ့/
အလိုဆန္ဒအတိုင်း မရနိုင်မှန်း ငါ တကယ်သိလျက်နဲ့
ဟေး ..... မေ့ပစ်ဖို့တော့ မလွယ်သေးဘူး

ဟိုးတုန်းက အဖြစ်အပျက်တွေလည်း တိမ်ထဲက မီးခိုးများသာ
အေးချမ်းတဲ့ ညဆည်းဆာအလှ အမြဲတမ်း သိမ်းထားလို့မရပါ
အတိတ်ရဲ့ အချိန်ခဏ ပြန်လွမ်းတယ်

ပြန်ဆုံချင်လည်း မရတော့ဘူး ငါ တကယ်သိလျက်နဲ့
မေ့ပစ်ဖို့တော့ မလွယ်သေးဘူး

အတိတ်ကို ငါ ခဏပြန်ရောက်ချင်တယ် ရင်ခွင်မှာတမ်းတ
ငါ ဟိုးတစ်ချိန်က ဘ၀များ ငါ တကယ်ကိုတမ်းတ
ပြန်မရနိုင်တော့ပါလား ..... တမ်းတ ..... ဟူး
အတိတ်ကို ဟူး ..... တမ်းတ ..... ဟူး .....

မာတိကာ သို့ .....