တကယ်ဆိုရင်

လွယ်လွယ်လေးနဲ့ မင်းချန်ထားခဲ့ပေမယ့်
နေရာတိုင်းမှာ မင်းအရိပ်တွေ ထင်တုန်းပဲ
ခင်သူတိုင်းလည်း ခုထိ ပြောချင်နေကြတုန်းပဲ
နင် ရှိတုန်းကလို ပုံစံမျိုးနဲ့
အိပ်မက်ဟောင်းပဲ အကျင့်ပါပြီး မက်နေမယ်/တယ်
မရည်ရွယ်ဘဲနဲ့ သီချင်းဟောင်းတွေ ဆိုဖြစ်မယ်
လူတွေပြောတဲ့ မင်းအတင်း မကြားချင်ယောင်ဆောင်ထားလည်း
နင့်အကြောင်းပြောရင် နားစွင့်တုန်းပဲ

တကယ်ဆိုရင် လိုအပ်ချက် ကွက်လပ်တွေ
သိပ်များလွန်းနေလို့ မင်းကို စောင့်နေခွင့်ပေးပါ
နေညိုရင် ငိုတတ်တဲ့ စိတ်နဲ့ ရင်မှာ အသားမကျနိုင်လို့
အနားကို မင်းပြန်လာပေးပါ

အတူတူရေးတဲ့ သီချင်းတွေတော့ ရှိပါရဲ့
အတူဆိုပေးမယ့် ဘေးအနာမှာ နင်မရှိခဲ့
ဘာရယ်မဟုတ်တဲ့အကြောင်းနဲ့
အဟောင်းတွေပြန်အသစ် ရေးဖွဲ့
နင်ရှိတုန်းကလို ပုံစံမျိုးနဲ့

လွန်လေပြီးတဲ့ အမှားတွေအတွက် တောင်းပန်တယ်
အရင်ပုံမျိုးနဲ့ ခဏတွေ့ချင်ပါသေးရဲ့
ရင်မခုန်တော့တဲ့ မင်းရဲ့ သူစိမ်းတွေလို အကြည့်မျိုးနဲ့
ခဏလေးတွေ့တောင် ကိုယ်ကျေနပ်မယ်
ဒီကမ္ဘာမှာ နင်မရှိတဲ့ နေ့ရက်တွေကို ရှေ့ဆက်နိုင်ဖို့
မင်းကို လွမ်းနေခွင့် ပေးပါ

မာတိကာ သို့ .....