အချိန်မီသာ ပြင်ဆင်ခွင့် မရှိခဲ့ရင်

နင်ရယ် ငါရယ် ခုတလောထဲ အဆင်မပြေတာတွေ သိပ်များတယ်
စကားလေးတစ်ခွန်းမှာ အထအနကောက်တာ ခဏခဏပဲ
ငါဟာ အဖြူဆို နင်က အမဲ ဘာမဆိုတိုင်ပင်လိုက်တိုင်းပဲ
အကြောင်းမရှိ အကြောင်းရှာ ငါ့ရဲ့အပြစ်သာ နင်မြင်နေခဲ့
တစ်ခုခုတော့ မှားနေပြီ တို့နှစ်ယောက်ရဲ့ အခုလက်ရှိ မှားဆဲ

အချိန်မီသာ ပြင်ဆင်ခွင့် မရှိခဲ့ရင် ဒါသွားပြီ သွားပြီ သွားပြီ
အချိန်မီသာ ပြင်ဆင်ခွင့် မရှိခဲ့ရင် ဒါဝေးပြီ ဝေးပြီ ဝေးပြီ
တစ်သက်လုံး ဝေးနိုင်သည်

အရင်အချိန်တွေကို ငါနှမြောတယ် အရင်လို ရင်မှာ ခံစားချက်
ကြိုးစားပြီး ပြန်တည်ဆောက်ခွင့်ရှိရင် ငါလိုချင်မိ
တစ်ခုခုတော့ မှားနေပြီ တို့နှစ်ယောက်ရဲ့ အခုလက်ရှိ မှားဆဲ

ငါ့ဘက်က တတ်နိုင်သမျှ လျှော့နိုင်ဖို့ စဉ်းစားထား
ငါ့ဘက်က ပေးနိုင်သမျှ ပေးဖို့အတွက် ငါဆုံးဖြတ်ထားရင်းက

မာတိကာ သို့ .....