နေချင်တာမင်းအနား

နင်ဟာ ငါ့ကောင်းကင်တစ်ခုပါ ငါပိုင်သမျှ နင့်တစ်ယောက်တည်းပါ
ငါအချိန်တိုင်း နင့်ရဲ့ အနားမှာ နင်လိုသမျှ ဖြည့်ဆည်းချင်လို့ပါ
ဘာကိုမှ ငါမမျှော်လင့်ပါ နင့်အတွက်ပဲ

နင်ကြေကွဲ အားငယ်တဲ့အခါ ငါနင့်အနား နှစ်သိမ့်မြဲပါ
ငါတစ်ယောက်တည်း မဖြစ်နိုင်လို့ပါ နင်ဘယ်သွားသွား ငါ့ကိုခေါ်ပါ
ငါ့ဆန္ဒတွေရယ် အလှမ်းကွာ
တကယ်ကိုငါ မင်းအနားမှာ နေချင်ပေမယ့်လည်းကွာ/ပဲ

အတူတူနေဖို့ ဘယ်လောက်အထိ ဝေးရမလဲ
အတူတူပျော်ဖို့ ဘယ်လောက်ကြေကွဲရမလဲ
ငါဒီလို မျှော်လင့်ရင်း မောပြီ/ဝေးပြီ
အချိန်တွေသာ ဒီလိုနဲ့ လည်ပတ်ခဲ့ ပါပြီ

မာတိကာ သို့ .....