ဘယ်တော့မှမရှုံး

ကမ္ဘာမြေပြင်ပေါ် နေထိုင် ရှင်သန်ချိန်များထဲက
အဖော်မဲ့ လှမ်းကာအလာ ဟန်ဆောင်အကြင်နာတွေ
ယုံကြည်စွာ ကိုယ်ကိုးစားလို့ တစ်ယောက်တည်း အမှားနွံမှာ
ရုန်းထွက်မရတဲ့ အတွယ်အတာတွေ အရှုံးပေးထားလို့
အနိုင်လိုတဲ့ မင်းအတွက် အောင်မြင်ခြင်းများစွာထဲ
ပျော်နေမယ်ဆို ခြေနင်းခဲ့ပေါ့ကွယ်
ခွင့်လွှတ်တတ်သူ ကိုယ်တစ်ယောက်တည်း

အချစ်ရေ ... ဘယ်လို ရင်ဆိုင်သွားရမှာလဲ
တစ်ယောက်တည်း ငါ့အတွက်တော့ နွေးထွေးတဲ့ အကြင်နာလိုတယ်

ဒီကမ္ဘာမြေပေါ် ဖြူစင်တဲ့ အကြင်နာများ
မှန်ကန်တဲ့ စေတနာများ ဘယ်တော့မှ မရှုံး

မာတိကာ သို့ .....