ခရီးအဆုံးထိ

မင်းရဲ့ အနမ်းတစ်ရှိုက်နဲ့ ငါ့ရဲ့ အနမ်းတစ်ရှိုက်နဲ့
ခံစားချက်တူညီ ရှိခဲ့တဲ့နောက်
မင်းရဲ့ အတွေးများနဲ့ ငါ့ရဲ့ အတွေးများနဲ့
အနာဂတ်သစ် တူညီ
ထားခဲ့တဲ့ နောက်တော့
ခမ်းနားခြင်းကင်းမဲ့ အရိုးသားဆုံး ခရီးတစ်ခု
ငါတို့ နှစ်ယောက် ကိုယ်တိုင် ရွေးထားခဲ့ပြီး
သဘောထားများ အပြည့်နဲ့ ဆူးလမ်းများ နင်းဖြတ်
ဘာဖြစ်ဖြစ်ပါကွယ် ခရီးများ အဆုံးထိလျှောက်

အဆိုးများ ကြုံကြိုက်တုန်းမှာ
ဒုက္ခတွေဟာ ခဏပါ
အနမ်းများကို အသက်သွင်းကာ ခရီးများ အဆုံးထိလျှောက်
လက်တွေ့ဟာ ရင်ဘက်မှာ လမ်းဆုံးဟာ ခဏလေးပါ
အနမ်းများကို အသက်သွင်းကာ
ခရီးများ အဆုံးထိလျှောက်
ခရီးများ အဆုံးထိလျှောက် ... အူး
ခရီးများ အဆုံးထိလျှောက်

မာတိကာ သို့ .....