မိဘမေတ္တာ

သားတို့ရုပ်ရည်၊ သီတာငယ်မည်၊ ရေကြည်ချမ်းမြတပေါက်ကလေးကျရုံနဲ့
မိဘတို့ဝမ်းငြိမ်းစတမ်းတည့်၊ အသဲနှလုံး သားနဲ့ပင်တူညီ၊ ကြီးမားသောမေတ္တာဂုဏ်ရည်၊
မာတာပီတုဥပဌာနံပုတ္တဇာရဿ သင်္ဂဟောမိဘတို့အားလုံး သားသမီးမုန်းတယ်လို့ဆိုထုံးမရှိဘူးတဲ့ရှင်။
(သံယောဇဉ်အတည်၊ ကြည်လင်တဲ့အရေး အော် ကိုယ့်ရင်သွေးထွေးပိုက်ချီ) ၂ ၊
(အရွယ်မတိုင်မီ မိဖများ ပိုးမွေးသလို မွေးကြပြန်သည်၊
အနန္တဂုဏ်ရည်၊ ပျိုကြည်အောင် ကျေးဇူးတင်သည်) ၂ ၊
(ဖ၀ါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် လူဖြစ်အောင် မွေးလုပ်ကျွေးခဲ့သည်) ၂ ၊
လူလားမြောက်လို့ လာပြန်လျှင် အဆင်ခြင်မထားမှားတတ်သည်၊
ဥပမာပုံခင်းစရာပေါ့ အဇာတသတ်မင်းသား ယွင်းမှားပုံကိုရည်။
(မွေးသဖခင် ကျေးဇူးရှင်ကိုအတည်၊ မတရားသက်သက်ရက်စက်လေတော့သည်) ၂
သူ့သားတော်ကလေး မွေးတော့ ထွေးပိုက်ကာပင် မြပုခက်တွင် ဧယာဉ်ကျူးလို့
(ထူးထူးငယ်စုံလင်သည်) ၂ ။ မေတ္တာတော်ဂုဏ်ရည် ထင်ရှားခဲ့လေသည်၊
ဧကပုတ္တတရားနဲ့ အညီ ဥရဒယဘဒ္ဒ္ဒသညာအတည်၊ ကြင်နာသည်၊
ရင်သွေးဟူက ချစ်မ၀နိုင်သည်၊ ကရုဏာ ပိုကာအတည်၊ မှက်ခြင်မသန်းရအောင် ပင်ပန်းရသည်၊
မယ်တော်ဖုရားစကားတခွန်းလောက် မေးစမ်းပါရစေ၊
ကျွန်ုပ်၏မွေးသဖခင်သည် မေတ္တာသဘောချစ်ပါသလောပြောပြပါ အခါခါမေးလေသည်။
(ဝေဒေဟီဖြေမဆည်နိုင်ပြီ) ၂ ၊
(ချစ်တာတွေ အမေပြောပြပါမည်၊ ခမည်းတော်ဘုရားရဲ့အပေါ် အထင်တော်မမှားသင့်ပြီ) ၂ ၊
(မင်းအပေါ် အကြင်နာ သနားတာတွေ ပိုပါသည်၊ သားလူမမယ်ငယ်ရွယ်စဉ်က အတည်) ၂ ၊
(တကျွန်း ခူနာကြီးရယ်ကြောင့် ငြီးကာငိုရှာသည်၊ မောင့်ဖခင်အာခံတွင်းမှာ သွင်းကာသိပ်ရသည်) ၂
အော် ချစ်လှတဲ့သားပေမို့ အမေရင်ထုကာ မရှုရက် နိုင်ပါသည်။
မင်းအနာ မသတီလောက်စရာပ ပြည်ပေါက် တာတောင် မျိုကာချပြန်သည်။
(ရွှေတိုင်ညွန့်ကအကိုးအကားနဲ့ စာကိုစီ၊ မိဖနဲ့သား ခင်မင်ပုံများ ဆင်ခြင်တုံတရားထားသင့်သည်) ၂ ၊
အဖသတ်သားငါးဆက်ရှေးဝိပါတ်ဆုံသည်၊ အဇာတသတ်ကစ၍ တွက်ကာရည်၊
သိမှတ်ကြစရာ အတည်၊ ဇီနတ္ထပကာသနီ၊ ဖြစ်တော်ပေါင်း အကြောင်းသိမည်၊
ပျိုကြည်အောင်ညွှန်ပါရစေ၊ ဗဟုသုတနဲ့စုံအညီ၊ အမျိုးသမီးများရှုကြစေကုန်သတည်။

မာတိကာ သို့ .....