သုံးရောင်ခြယ်

တို့ဗမာခေတ်အစဉ်မညှိုးပြီ၊ ရှစ်ပလ္လင်စိုးခဲ့ပါတဲ့ ဓမ္မရာဇ်ဘုရင်ရိုး ကုန်းဘောင်နွယ်မှန်သည်၊
သုံးရောင်ခြယ်အလံတော်ကြီး ကမ္ဗည်းနဲ့ စိုက်ထူမည်။ ဗုဒ္ဓမြန်မာပြည်၊ ဥတ္တမစာဂီ၊ အောင်မင်္ဂလာတရားနဲ့စုံညီ၊
(အတိတ်တဘောင်သြဘာထွန်းသည်၊ နိမိတ်ဆောင်ကာ ပြောရအုံးမည်၊ အတိတ်အဘောင်သြဘာထွန်းသည်၊ ကျွန်းလက်ျာဇမ္ဗူဒီ) ၂
(တို့အမျိုးဇာတိက ဖုန်းရှိခဲ့တာယုံကြည်၊ တက်လူများဒီစိတ်ထားနဲ့ စွန့်စားခဲ့ကြသည်) ၂
ကမ္ဘာကိုစိုးမိုး အုပ်ချုပ်ခဲ့ကြပြီ၊ ခေတ်သစ်ထူထောင်မည်၊ အရောင်သုံးမျိုးနဲ့ တို့အလံစိုက်ထူမည်။
ဗမာကိန်းအညီ၊ အ၀ါအစိမ်းအနီ၊ အ၀ါရောင်ရည်ရွယ်ချက်က သာသနာရယ်ဘာသာရယ် ပညာရယ် တိုးလိမ့်မည်၊
အစိမ်းရောင်ဆိုတာကတော့ စပါးဆန်ရေရွှေငွေရတနာ အထွေထွေ ပေါလိမ့်မည်၊
(အနီရောင်မြင်သူအထဲမှာ ရဲစိတ်ရဲမာန်ထက်သန်ကြမည်) ၂ ၊
တို့ဗမာ ကုန်းဘောင်နွယ်မှန်သည်၊ သုံးရောင်ခြယ် အလံတော်ကြီး ကမ္ဗည်းနဲ့ စိုက်ထူမည်။
[ (တို့ဗမာပြည်) ၂ ၊ အနောက်ဖက်မှာတော့ ဗုဒ္ဓဟေနန်းတည်၊ အရှေ့ဘက်ကတော့ ပြုဗ္ဗေရှမ်းပြည်၊
မြောက်ဖက်ကတော့ တရုတ်မြေစခန်းတည်၊ တောင်ဘက်ကတော့ သမုဒီရေစမ်း အေးချမ်းသာယာစည်] ၂
(မြန်မာပြည်ရာဇာကင်းပေမယ့် သာသနာအဆင်းကတော့ လင်းပေသည်) ၂
မင်းနေပြည် တရားအမှန်ကြိုက်သည်၊ ကမ္ဘာ့အလံ စိုက်ပြီ၊ တိုက်တသောင်းကခညောင်းရစေမည်၊
တို့အလံသည် အရောင်သုံးမျိုး တန်ခိုးနဲ့စုံညီ။
(မျိုးဇာနည် သမ္ဘယမညှိုး နိုးကြားလာပြီ၊ တို့ဗမာပြည် ဆထမ်းပိုး တန်ခိုးသာလိမ့်မည်၊ ရိုးရာအညီ၊ ကမ္ဘာအတွင်းထွန်းလင်း ကြလိမ့်မည်၊) ၂
တိုင်းပြည်အကျိုးသည်ပိုးဆောင်ရွက်ကြသည်၊ ဗုဒ္ဓဘာသာများ သဒ္ဓါပွား တရားနဲ့ညီ၊ (တို့ဗမာမင်းတွေ ထင်လင်းပေတော့သည်) ၂
ရေမြေနှစ်လီပိုင်အုပ်စိုး ဖြိုးမောက်ခဲ့ပြီ။ ဗမာကိန်းအညီ………………စိုက်ထူမည်။

မာတိကာ သို့ .....