အသိရဲ့အတိတ်

အတူရှိဖူးတဲ့ မင်းနဲ့ငါနဲ့ အထက်တန်းကျောင်းကြီးထဲ
ငါတစ်ယောက်တည်းအမြဲတမ်းပဲ လွမ်းတယ်
စိတ်ကူးဖူးတဲ့ငါ့ရဲ့ ဟိုးအရင်ပျော်စရာအိပ်မက်လည်း
နင်မသိလည်း ငါတော့ မှတ်မိတယ်

သေချာနေပြီ သေချာပြီ
ဒီအကြောင်း နင့်ဦးနှောက်ထဲမှာ ၀ိုးတ၀ါးရှိသေးလား
အရင်လိုပါပဲ အပြောင်းလဲသေးတဲ့ ဒီစကားလေးများနဲ့
ငါတစ်ယောက်တည်း နင်မရှိတော့ခက်တယ်
အတိတ်ကတို့ရဲ့လမ်းဟောင်းလေးမှာ ငါထိုင်မျှော်မိဆဲ
နင်ဆိုတာလည်း ငါ့ဘ၀ထဲ ပျောက်ကွယ်

ကြာနေပြီ ကြာလာပြီ
အခုလောက်ဆိုရင် နင်တကယ်မေ့သွားလောက်ပြီ
ဟိုတုန်းက ဟာ...
မေ့ထားရင်လည်းပြန်ဆုံကြတဲ့သူငယ်ချင်းများကလည်း
တွေ့တိုင်းဒီအကြောင်း ငါ့ကိုမေးကြတယ်
ရှုပ်ယှက်ခက်တဲ့ပြဿနာတွေပဲ ငါ့ရဲ့ဘ၀ထဲ
ဘာအတွက် နင်တကယ်ယူလာခဲ့ရက်တယ်

တော်ပါပြီ တော်ပါပြီ
အခုလောက်ဆိုရင် နင်တကယ်ကျေနပ်သင့်ပြီ
ဟိုတုန်းက ဟာ...
ငါတို့နှစ်ယောက် အတိတ်တွေ ငါသိပ်လွမ်းနေပြီ
နင်မရှိတော့ ဘ၀ဟာ တစ်ယောက်တည်းပဲ ဖြစ်နေပြီ

မာတိကာ သို့ .....