တိတ်တိတ်ကလေးပဲ ချစ်သွားမယ်

အမှန် တကယ် ဖွင့်ပြောပြ ချင်ပါတယ် ကိုယ် ချစ်ခဲ့တာ အမှန်ကွယ်
ကိုယ့် စိတ်ကူး အိပ်မက်တွေရယ်

အမှန် တကယ် လှည့်စားဖို့ရာ မရည်ရွယ်
မျှော်လင့်ချက်သာ ပြန်လည် ဟန်ဆောင် ထိန်းသိမ်းကာရယ်

တကယ်ဆို အသည်းကွဲမှာ ကိုယ် ကြောက်နေတယ်
ဟို အရင်လို မင်းကိုလေ တိုက်ဆိုင်ရင်ကွယ်

မမြင်အောင် ပုန်းကာ ၀ှက်ကာရယ် အကြင်နာ ဖုံးဖိထားပါတယ်
ရင်ဆိုင် မင်းမျက်ဝန်းရဲ့ အကြည့်တွေကို နားလည်တယ်
အပြင်မှာ မသိသလိုပဲ နေမယ်
ရင်မှာ ရှိတာ မင်းပါကွယ် / ရှိနေသော်လည်းကွယ်
အစဉ်သာ ပေးဆပ်ရင်း မင်းနောက်ကွယ် တိတ်တိတ်ကလေးပဲ ချစ်သွားမယ်

မာတိကာ သို့ .....