ခွန်းချွေချစ်တေး

အကြင်နာဆုံး ကိုယ်ပြောမယ့်စကား ရင်မှာပြည့်လျှံ မို့မောက်
အသည်းမှာ ဖွင့်အန် နှလုံးသားတေးသံချွေ
တည်ငြိမ်ခြင်းမှာ ကိုယ့်မေတ္တာခိုင်မာသစ္စာ စွဲမြဲအချစ် လွန်ငြိတွယ်
အပြုံးများ ပေးပန်စေ

ဖွင့်မပြောဘဲ သိလို့နေတဲ့ ဖြူစင်တို့ရဲ့ အချစ်နှစ်များစွာ
ကိုယ့်ဘ၀ထဲကမခွဲပါ ခရီးလမ်း နောက်ဆုံးထိ
အချစ်ကို တစ်သက်မခွဲ

အရုဏ်နေ့ကျော် နေ့ဆည်းဆာ ရာသီပြောင်းစေ
တွန့်မကြောက် ဆက်လက်မြဲစွာ တို့နှစ်ယောက် ချစ်ကမ္ဘာရှည်

ပိုင်ဆိုင်ခြင်းဟာ လက်တစ်ကမ်းစာ ကိုယ်တိုင်ရေးမယ်
ကိုယ့်ရဲ့ဖူးစာဖက်ကို ရဲရင့်လွမ်းမျှော်ရည်

မာတိကာ သို့ .....