အပြုံးတုရဲ့ အမုန်း

အမုန်းတွေနဲ့ လမ်းထက်မှာ တို့ကျန်နေရစ်ခဲ့
အပြုံးတုလေးအား စွဲလန်းမိတာ တကယ်ကို သိပ်မှားသွား
အချစ်တွေ ကိုယ်ဆုံးရှုံးပြီ အလွမ်းတွေနဲ့ အဆွေးများ
နှုတ်ခမ်းပါးလေးရဲ့ နှိပ်စက်မှုဟာ ဒဏ်ရာတွေပဲလား

မင်းအပြုံးလေးတွေ အဆိပ်ဖြစ်သွား
ဟန်ဆောင်သူ အချစ်များ အမုန်းတွေလား
ရုတ်တရက်ကြီး ကိုယ့်အထီးကျန်ကာ / အလူးအလဲပဲ
ကိုယ်ခံစားရ ... ရင်ခုန်တဲ့ နှလုံးသွေးများလည်း အေးခဲသွား

မင်းပေးခဲ့ အိပ်မက်ကလေးတွေလည်း အခါခါကြေကွဲ
အတိတ်ရဲ့ နေ့စွဲလေးတွေလည်း မလှပတော့ဘူး
ခါးသက်တဲ့ အနမ်းများ ရင်မှာ ထင်ကျန်ခဲ့ပြီ
ဟေး ဘေဘီ ရက်စက်တဲ့ အမုန်းတွေလေ

အဝေးကို ပြန်တမ်းတရင် မောနေတဲ့ အလွမ်းများ
အသည်းကွဲရင်းနဲ့ လုံးဝမမေ့နိုင် ငိုနေတဲ့ နှလုံးသား
တို့ ရင်ခုန်ခြင်းနေ့တွေ စွန့်ခွာလို့ ထားသွား
လှမ်းလည်း မထူးတဲ့ ရက်စက်မှုဟာ သေချာနေပြီလား

ဟေး ဘေဘီ အပြုံးတုရဲ့ အမုန်းတွေလေ

တစ်ယောက်တည်း လမ်းတွေအလယ် မျှော်လင့်ခြင်းမဲ့စွာနဲ့
သံယောဇဉ်များလည်း လေထဲ လွင့်မျောပျောက်ကွယ်
အပူဆုံးမီးတွေထဲ ထားရစ်ခဲ့သူရယ်

ဟေး ... ဘေဘီ အပြုံးတုရဲ့ အမုန်းတွေလေ ဟိုး ...
ကိုယ်ကြေကွဲတယ် ရက်စက်တဲ့ အမုန်းတွေလေ

မာတိကာ သို့ .....