ကန့်သတ်ချက်

ရင်မှာ မေ့ထားလိုက်ပါကွယ် ဘယ်လိုမှ သဘောမထားပါနဲ့
တစ်ချိန်မှာ ကိုယ့်ကိုထားခဲ့လည်း မင်းကိုနားလည်မယ်
အချစ်ထက် အရေးကြီးတဲ့အရာတွေ တို့ဘ၀ကိုချုပ်ကိုင်နေတယ်
ကြိုတင်တွေးမြင်မထားနိုင်တဲ့ ကန့်သတ်ချက်များရယ်

ဘယ်လို ငါဆက်သွားရမလဲ ဘာတွေ ငါဆက်လုပ်ရမလဲ
ရင်မှာ ကွက်လပ်များစွာနဲ့ မင်းကို လွမ်းနေလည်း
ကိုယ့်ဘက် မင်းလှည့်မကြည့်ပါနဲ့ အခွင့်ရှိရင် တစ်နေ့ပြန်ဆုံနိုင်မယ်
ကွယ်ပျောက်မသွားနိုင်တဲ့ ချစ်ခြင်း မျှော်လင့်ထားရင်းနဲ့

မင်းလာမယ်ဆို အမြဲတမ်းအသင့်လေ ကြိုနေမယ်
တံခါးလေးဖွင့်ရက်လေ/လျက်လေ
ဘ၀တစ်ခုရဲ့ ကန့်သတ်ချက်တို့ အကြောင်းကို/တွေ ငါနားမလည်
မင်းပြန်မယ်ဆို မတားရက်ဘူးလေ ပျော်မယ်ဆို ထားရစ်ခဲ့ပေါ့လေ/တော့လေ
မေ့ပစ်နိုင်တယ် ထားခဲ့နိုင်တယ် မင်းကို ခွင့်လွှတ်မယ်/နားလည်နေပါမယ်

ရင်မှာ မေ့ထားလိုက်ပါကွယ် ဘယ်လိုမှ သဘောမထားပါနဲ့
တစ်ချိန်မှာ ကိုယ့်ကိုထားခဲ့လဲ ရင်ဆိုင်ပါ့မယ်

မာတိကာ သို့ .....