မင်းမုန်းတဲ့လူ

မိုင်များလည်း ငါ ကျော်လွန် ဖြတ်သန်းလို့
အချိန် ရထားနဲ့ ခရီးဆက်တုန်း
အေးစက်တဲ့ လွင်ပြင်ကျယ်များ အဆုံး
ခိုလှုံစရာ တစ်မြို့မြို့ ၀င်လိမ့်နိုး
ရင်ခွင်ဟာ ရွေ့နေတယ်
ရင်ခုန်သံ အကျိုးအပဲ့တွေနဲ့
နာကျင်တဲ့ အတိတ်တွေကို အရေခွံခွာ
ငါ့ဘ၀ ဘယ်တော့များ အသစ်ဖြစ်မလဲ

ငါမေ့ဖို့ သိပ်ခက်ခဲ
ငါ့အတွေးထဲ စူးဆဲ မင်းအမုန်းလေး
ဖျောက်ဖျက်ဖို့ ငါ့ အင်အားမဲ့
ဒီ အမုန်းက လွတ်ဖို့ အတွက်
ဘယ်လောက်ထိ ပြေးမလဲ
ငါ့ ဘ၀ကြီး အခုထိ
ဒဏ်ရာတွေ အလယ်မှာ ငါ တစ်ယောက်တည်း

မင်းအမုန်းနဲ့ ငါဟာ လူလုပ်ဖို့
ရှင်သန်နေခြင်းလား ဘ၀တစ်ခုလုံး
သွေးကြောထဲ လည်နေတဲ့ စကားတို့
မမြင်နိုင်တဲ့ဓါးလို ရင်ကို မွှန်း
နာရီတွေ ရွေ့နေတယ်
ဝေဒနာ နေ့ရက်တွေထဲ
အချိန်ဆိုတာ သမားတော် ယုံချင်တယ်
ငါ့ဘ၀ ဘယ်တော့များ အသစ်ဖြစ်မလဲ

ဒဏ်ရာတွေ အလယ်မှာ ငါတစ်ယောက်တည်း
ဒဏ်ရာတွေ အလယ်/ထဲ မှာ ငါတစ်ယောက်တည်း
မာတိကာ သို့ .....