တို့ဘ၀သစ်နေ့

လှိုင်းကြမ်းများ ဖြတ်ခဲ့ပြီးရင် နောက်ဘ၀သစ်ဆီသို့လေ ရောက်နိုင်ဖို့
နှလုံးသားလေးနဲ့ တွေး စဉ်းစားထား တို့ ခရီး ဆက်ကြမယ် အရှေ့ကို
အမြဲစိမ်းလန်းသွားမယ့် အချစ်တွေ ပေးလိုက်ကြမယ်
နီးစပ်မှု ရိုးသားကြရင် တို့ လက်ဆက်သွယ်ထား
စမ်းချောင်းလေး စီးဆင်းခဲ့ပြီ တို့ ဆုံရာကို
ဘ၀တစ်ခု တူလိုက်တော့မယ် ရပ်တည်စို့

တို့ ဘ၀သစ်နေ့ သတ်မှတ်လိုက်
စွန့်စားခွင့်နဲ့ ဘ၀ မဆုံးသေးဘူး
အို ... တို့ နှစ်ယောက်အတွက် အချစ်များက နှစ်သိမ့်တဲ့ဆု
ဒဏ်ရာနဲ့ ကြုံရတိုင်း ငါ မငိုတော့ဘူး/အားပေးမယ့်သူ

မင်းပေးတဲ့ လက်တစ်စုံကို ငါ လက်နဲ့ ဆုပ်ကိုင်ရင်း ပြည့်စုံနေပြီ
ဟိုးအတိတ်က ဖြစ်ပျက်ခဲ့သမျှ လွယ်လွယ်မေ့ပစ်လိုက် သတိရမနေနဲ့
တို့ နှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်က တို့ရဲ့ ဘ၀အဖြေပဲ
မင်းနဲ့ တို့ နွေးထွေးမှုတွေ အားတစ်ခု ဖြစ်စေခဲ့
စမ်းချောင်းလေး စီးဆင်းခဲ့သလို တို့ ဆက်သွားစို့
ရပ်တည်မှု အလိုက်ဖက်ဆုံး အချစ်တွေမို့
တို့ ဘ၀သစ်နေ့ သတ်မှတ်လိုက်
ဒါ တို့နှစ်ယောက်ရဲ့ ရင်ထဲက အတိုင်း
ဒီရှေ့ဆက်ဖို့ ခွန်အားများ ပေါင်းစပ်တဲ့နေ့
ပျော်စရာနဲ့ အိပ်မက်လမ်း ကြိုနေ

Download Here !!!
မာတိကာ သို့ .....