ဓာတ်တော်ဝေခန်း

သည်ကမ္ဘာပြည်ဗဟိုရ် ကြည်ညိုဘွယ်ဖြစ်စေရမည်၊ ဓမ္မသာဝန ဒေသနာအညီ၊
မှတ်တော်မူရန်စာတန်းကို ဓာတ်တော်ဝေခန်း ဖွင့်ရပါတော့မည်။
(မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်ပြုရှာတော့ ခုနှစ်ပြည်ထောင်မင်းတွေ မယွင်းကြွကြလေပြီ) ၂
ဘုရင်သနင်း ထင်လင်းအင်ကြင်းရုံမှာ ရာဇမလ္လာအာဏာပေးပုံက သာသနာအရေးတော်မှန်သည်၊
တရွေးငယ်မျှ မရရှာလေပြီ၊ မြတ်စွာဘုရားဓာတုမွေသရီ၊ စေတီတည်ရန် စီမံထားသည်၊
သံလျက်ကျောက်စီဓားနဲ့ တအားခုခံမည်၊ ခုနှစ်ပြည်ထောင်မင်းသည် သတ္တိဗလပြရမည်၊
ထုံးလိုဘဲ ခုချေ ရေကဲ့သို့နှောက်ကာ၊ ကြိမ်းဝါးတော်မူကြပြီ။
သံပြိုင်။ ။ ဘုရားရှင်မွေသရီပူဇော်ကြလိုပါသည်၊ မနုသနှင့်ခြောက်ထပ်ဘုံနတ်ပြည်၊
ရာမ၀တီ မလ္လာရွှေအင်ကြင်းကအတွင်းရုက္ခပင်နန်းမြိုင်ဆီ၊ ခွဲဖြာစိတ်ညီ ဗျာဒိတ်တည်၊
ဒေါနပုဏ္ဏား ဓာတ်တော်ဝေလေသည်။ မွေသရီ အဝေမညီ စိတ်မကျေနပ်ကုန်ပြီ၊
ကြွလာကြသောမင်းအများ ရာဇာမန်ပွားလို့ မတရားထင်သည်၊ အနွယ်တော်မှန်သည် ကပိလ၀တ်ပြည်၊
အကြည်တော်မာလာမြတ်နဲ့ ဇာတသတ်တို့စစ်ခင်းပြန်သည်၊
(ဝေသဒိမကောသလာကျန်ပြီ၊ အင်မတန်ဇောကြည်လှမောရိယဘုရင်သည်) ၂
သရိယမွေတော်ကို မရပြန်တော့သည်၊ မရပြန်တော့သည်၊ အားမာန်လျော့သည်၊
သူအလာနှေးပြီ၊ မီးသွေးမျှသာ ရရှာလေတော့သည်။
သံပြိုင်။ ။ ဘုရားရှင်မွေသရီ…………….ဓာတ်တော် ဝေလေသည်။
ညောင်ဗုဒ္ဓဟေပန်းစပုတ် အကြွေနဲ့အပရာဇိတပလ္လင်နံ့သာရေဖြန်းကြပြီ၊
အောင်သုဒ္ဓမေဆန်းအနုတ္တနဲ့သတ္တ၀ါရှိသမျှ သခင့်ကိုကြာလေလွမ်းလှပြီ၊
စာဖွေတမ်းကာ တိုင်းခန်းဌာနီ၊ ဗြဟ္မာပြည်နဲ့တကွ လူ့ပြည်နတ်ပြည် ၀မ်းနည်းပါသည်၊ ၀မ်းနည်းလှပါသည်၊
ဘုရားရှင်ကိုယ်တော်မြတ် မရှိခဲ့တော့ပြီ၊ ကိုးကွယ်ရာရှာကြပြီ၊ ဓမ္မရွှေစေတီ၊ ဠာတုရွှေစေတီ၊
ဖုန်းရှိန်ကြွသည့် ဥဒ္ဒသပရိဘောဂလေးပါးတို့သည်၊ ဓာတ်တော်မွေတော်အပေါင်းကို စကြာဝဠာတသောင်းက ပြန့်နှံ့သည်။
သံပြိုင်။ ။ ဘုရားရှင်မွေသရီ……………………ဓာတ်တော် ဝေလေသည်။

မာတိကာ သို့ .....