လေလွင့်သူ

ညဥ့်နက်သန်းခေါင်ယံ အပေါင်းအသင်းတွေနဲ့
ဂစ်တာတီးရင်း ပျော်မြူးနေခဲ့ ညဥ့်နက်ချိန်ကျ အိမ်ရောက်လို့လာတော့
အဘိုးကြီးက အော်ကာ ဆဲကာ

မင်းလုပ်တာကအလကား အလုပ်တွေတဲ့ အမြဲတမ်းပဲ အဖေဟာပြောခဲ့
သူ့ရဲ့ဝါသနာနဲ့ သူလုပ်ကြတာပဲ ဘယ်လိုမှတားဆီးမရနိုင်ဘူး
အိမ်မှာ ၀ုန်းဒိုင်းကြဲပြီး သီချင်းဆိုနေရင်း အော်ကာဆဲ
MTV ဖွင့်လို့ကြည့်တော့ မင်းဖွင့်ထားတာ ဆူညံတယ်
ဒီလိုနဲ့ အမြဲတမ်းပဲ စိတ်ညစ်ရတာ ကျွန်တော်ပါပဲ
ကျွန်တော်ဆိုတဲ့သီချင်းလေးများကို နားငြီးလွန်းတယ် အပြင်မှာသွားဆို

စိတ်ညစ်စွာနဲ့ကွယ် ဂစ်တာပခုံးမှာ လွယ်ကာ လမ်းဘေးပလက်ဖေါင်းမှာ
သီချင်းများဆိုခဲ့ ဒီအချိန်မိုးကရွာချလာ ကံဆိုးတဲ့ငါဟာ မိုးစက်တွေရဲ့ကြားမှာ
သီချင်းဆက်ဆိုမယ်...ဆိုမယ် ဆိုနေမယ် ဆိုမယ်...သီချင်းဆက်ဆို

မာတိကာ သို့ .....