အဖြူရောင်လေးပါ

လေပြေများက သယ်ဆောင်လာတဲ့ အညိုရောင် တိမ်တွေဟာလည်း
ဟို အရင်ချိန်က လူ မမြင်ခဲ့တဲ့ ရေငွေ့လေး တစ်စက်ကွယ်
ငါ မာနကြီး နေတယ် ဆိုတာလည်း တိမ်တွေလို ရေမှုန်ပါ ဟေ့
ဒီ ရင်ခွင်ထဲ နင် ၀င်လာကြည့်လှည့် အဖြူရောင်လေးပါကွယ်

နင် လှမ်းကြည့်လိုက်ကွယ် ခုန်နေ ငါ့ ရင်ခွင်လည်း
နင် လှမ်းကြည့်လိုက် အဖြူရောင်လေးပါကွယ်

လူသူတွေရှိတဲ့ ဒီမြေကမ္ဘာလည်း မိုင်တွေ ရာထောင်ချီလည်း
ဂြိုလ်ပြင်ထဲမှာ မြင်ကြည့်လိုက် မြူမှုန်လေး တစ်ခုပါကွယ်
မကြင်နာနဲ့ ငါဟာ ဒီလိုပဲ ဒီ ကမ္ဘာလို မြူမှုန်ပါဟယ်
ဒီ ရင်ခွင်ထဲ နင် ၀င်လာကြည့်လှည့် အဖြူရောင်လေးပါကွယ်

မလိုသူတွေပြောတဲ့ ဆင်ခြင်တွေထဲ နင်ထိုင်ကာ တွေဝေမနေနဲ့
နင် ယုံကြည်ထား ငါဟာ လေညင်းလေးလို ရင်တွေ ခုန်စပါကွယ်
ငါ မာနကြီးနေတယ် ဆိုတာလည်း အပျိုရွယ် မာန်တွေပါဟယ်
ဒီ ရင်ခွင်ထဲ နင် ၀င်လာကြည့်လှည့် အဖြူရောင်လေးပါကွယ်

ရေး ... ရေး ... အဖြူရောင်လေးပါကွယ်
ရေး ... ရေး ... အဖြူရောင်လေး အဖြူရောင်လေး
အဦးဆုံး မင်းအတွက် ကွယ်

ဟူး ... ဟူး ... ဟူး ... ဟူး ...

Download Song Here !!!
မာတိကာ သို့ .....