ဇာတ်ထုပ်ထဲက အတိုင်း

သံလျှက်စွဲ ရင်အုံကိုခွဲ ဒီ လူငမွဲ အသည်းထဲ ဘာတွေ့မလဲ ကဲ ပြော ပြော
တော်ဝင်လက် အာဏာစက်အောက်
ခန္ဓာအသက် အကုန်အပ်နှင်းလို့ရော ရော မင်း သဘော
ရွှေရုပ်အဆင်း ခြေတော်ရင်းနော် သခင်ထံပါး အစဉ်ခစား ရှေ့မှောက် ရောက်

တစ်ယူဇနာတောင် ခြားနားမထားနဲ့ သေနိုင်တယ်နော်
မဆုံနိုင်အောင် ချောင်းခြားလို့တော့ ရင်ကွဲနာ ကျပြီပေါ့

ချစ်လိုက် ငြင်းလိုက် မင်းသမီးလေးရဲ့ သဘော
နမ်းလိုက် လွမ်းလိုက် ဇာတ်ထုပ်ထဲက အတိုင်းပေါ့
ပြုံးလိုက် မုန်းလိုက် မင်းသမီးလေးရဲ့ သဘော
နိမ့်လိုက် မြင့်လိုက် ဇာတ်ထုပ်ထဲက အတိုင်းပေါ့

ရန်သူများ အကုန်ဖယ်ရှားလို့ အန္တရာယ်ကြား အမှုမထားဘဲ သွား သွား
ကြေညာထား ဝေဒနာစကားများ ဒီတစ်သက်လုံး ဒီဘ၀ ဆုံးလည်းဆုံး ဆုံး

မာတိကာ သို့ .....