ပိုင်ရှင်မဲ့နှလုံးသား

ခရီးရောက်အောင် သွားခြင်းကို ခြေလှမ်းများက ပိုင်ဆိုင်တယ်
ပန်းတိုင်ရဲ့ပိုင်ရှင်ဟာ ခြေလှမ်းကလေးတွေပဲ
အခန်းထဲက အလင်းအမှောင်ကို ပြတင်းပေါက်က ပိုင်ဆိုင်တယ်
အလင်းနဲ့အမှောင်ပိုင်ရှင်ဟာ ပြတင်းပေါက်ပါပဲ

လောကကြီးမှာ နီးစပ်ပတ်သတ်ရာ ပိုင်ရှင်နဲ့အတွဲကလေး
တွေရှိကြပေမယ့်လည်း ကိုယ့်နှလုံးသားရယ် ယနေ့ထက်ထိတိုင်
ပိုင်ရှင်ရယ် မရှိခဲ့တာ မင်းလည်းသိပါတယ်

သတ္တ၀ါလူသားဘသကို သေခြင်းတရားက ပိုင်ဆိုင်တယ်
လူတွေရဲ့နှလုံးသားကို အချစ်ကပိုင်တယ်
နေရာတကာကြည့်လိုက်ရင် အရာအားလုံးဟာ ပိုင်ရှင်နဲ့
ပိုင်ရှင်မရှိခဲ့တာ ကိုယ့်နှလုံးသားပါပဲ

ရုတ်တရက်အမှတ်မထင် မင်းနဲ့တွေ့လာ ဇဝေဇ၀ါအတွေးထဲမှာ
နှလုံးသားပိုင်ရှင်လား ကိုယ့်မိန်းမချောရယ်
မင်းရဲ့ရှေ့မှောက်မှာ ပိုင်ရှင်မဲ့နှလုံးသားကို ပေးအပ်ပါရစေကွယ်

ခရီးရောက်အောင်သွားခြင်း.......ခြေလှမ်းကလေးတွေပဲ
အခန်းထဲက အလင်းအမှောင်......ပြတင်းပေါက်ပါပဲ
ရုတ်တရက် အမှတ်မထင်.........ပေးအပ်ပါရစေကွယ်

မာတိကာ သို့ .....