မင်းမှမင်း

ရေထဲနစ်သူမှာ ဆက်ပြီး အသက်ရှင်စရာ
လေကိုသာ ရှိုက်သွင်းဖို့ ဆာလောင်လိုအပ်သလိုမျိုး
ငါ့ဘ၀ အသိစိတ် တစ်ခုလုံး မင်းအချစ် ငတ်မွတ်နေတုန်း
အခုထက်ထိ .. ငါ ..
စားဖို့ မရှိတော့လို့ ခိုးဝှက်ရသူလို မင်းကိုလေ ငါချစ်ခဲ့
ထိန်းချုပ်မရဘူးကွယ် မျက်စိကန်းတဲ့ လူတစ်ယောက်
ကမ္ဘာတစ်ပတ် လမ်းလျှောက်ခိုင်းသလို
ဒုက္ခတွေရောက် ...

မင်းမှ မင်းပဲ မင်းမှ မင်းပဲ
မင်း ..... တစ်ယောက်တည်း မင်းပဲ

မင်းစိတ်နဲ့ခန္ဓာ အရူးမီးဝိုင်းသလို ငါလိုချင်တယ် တောင်းဆုဆန္ဒပြု
မင်းကလွဲပြီးရင် အခု ဘာမှလည်း မရချင်ဘူး မရချင်ဘူး

ဆူးတွေနဲ့ လမ်းမှာလည်း
ဓါးတွေ ခင်းထားပေမယ့်
မင်းဆီအရောက် လျှောက်နေဆဲဟေ့
ခြေထောက် ပေါက်ပြဲ သွေးတွေနဲ့
မိုးကလည်း သည်းနေခဲ့
လမ်းလျှောက်ရင်း လမ်းပျောက်ဆဲ ငါ့တစ်ယောက်တည်း ...

မာတိကာ သို့ .....