စိတြဂီဝါ

ဘုရားအလောင်းစိတြဂီဝါ၊ ဟေမ၀ါသေလာ ငှက်အပေါင်း ထောင်သောင်း ခညောင်းကြပေတာ။
ဂနိုင်ဆီးတဲ့ မြိုင်တောကြီးထဲမှာ၊ (အလောင်းတော် ခိုမင်းသင်းဖွဲ့ကာ) ၂ ၊ (ထင်ရှားစွာ) ၂ ၊
လမ်းမမှားဘို့နေစဉ် ဟောကြားကာ၊ (ငှက်ပေါင်းတောင်းဆုခြွေကာ၊ သနားဂရုဏာ၊ တရားရှုကာ၊ သနားဂရုဏာ) ၂ ၊
စိတြဂီဝါခိုမင်း ထင်လင်းပါ။ (ရှေးသရောအခါ ပြည်ဗာရာတွင်းဆင်းသက်လာ၊ သင်းဖွဲ့ကာ၊ အစာရှာရန် မြန်းခဲ့တာ) ၂ ၊
(သတ္တ၀ါငှက်ပေါင်း ထောင်သောင်းပါ) ၂ ၊ အလောင်းတော်မှာ ပိုက်ကွန်တွင်းက ကင်းလွတ်စေရန် နေ့စဉ်ကြံဆကာ။
ရန်ဘယာ မသန်းကာ စိတ်အေးချမ်းစွာ၊ လောင်းမြတ်ဥာဏ်မျှော်တာ၊ အော် ဆုံးမတော်မူရှာ၊
ပိုက်ကွန်တွင်းက လွတ်ကင်းရာ ရန်သူတွေဝေးကွာအောင်သာ၊ ညီညီညာညာလွတ်မြောက်ခဲ့ဘူးတာ၊ အလောင်းတော်မြတ်ခိုမင်းမှာ။
တရံရောအခါ ဟေမာအိုင်အကူး (မြူးကာမြူးကာ) ၂ ၊ သီးပွင့်စုံစွာ စားသောက်ဖွယ်ရာ၊ သုံးဆောင်ကာအပြီး ခရီးကလာ၊ (စိတြ) ၂ ၊
ဂီဝါ၊ သီးနှံငုံ့ကင်းဆောင်ကြဉ်းခဲ့တာ၊ အော် မိဘများပါစုံစွာ၊ သားမယားကိုကျွေး အလှူပေးဘို့ရာ၊
အော် လောင်းမြတ်ရာဇာသာဓက ပုံတင်ကာသာ၊ ရှာမှီးဥစ္စာ ကိုယ်ရေးတွက်ပါ၊ သုံးဘို့တဖို့ပါ ဝေဖန်၍ပင် ထားသင့်တာ။
ရန်ဘယာမသန်းကာ …………………….. ခိုမင်းမှာ။

မာတိကာ သို့ .....