ဓမ္မစကြာ

မြတ်စွာဘုရားပွင့်တော်မူစဉ်က၊ ရွှေဥာဏ်တော်ကွန်ရွက် ဖွင့်ပါလို့၊
ဤလောကဓာတ်ကိုတဲ့ မြင်တော်မူသော်၊
သတ္တ၀ါများကို သနားတော်မူရှာသတဲ့နော်။
ဗောဓိပင်ရွှေပလ္လင်ကြီးကိုအောင်သော်၊ သတ္တ၀ါတွေအပေါ်၌ ငဲ့ညှာသနား၊
ချွတ်လို့ရနိုင်ပါ့မလားရယ်လို့ အားတော်ငယ်သော်၊ ရွှေဥာဏ်တော်ကွန်ရွက်က
ဦးထွက်လာ ဓမ္မစကြာတရားတော်။ သံပြိုင်။ ။ ဗြဟ္မာနတ်လူအပေါ်၊
ဒေသနာကြားလိုက်သော်၊ ကမ္ဘာလောကမြေပြင်ပေါ်၊
သုံးကြိမ်တိုင်အောင် အင်မတန်သာဓုခေါ်၊ သဟံပတိနာကေ ဗြဟ္မဏေကျော်၊
ကောဏ္ဍညနဲ့ ၀ပ္ပတ္တိ၊ မဟာနာမ် အဿဇိ ကျွတ်တမ်းဝင်ပြီ ဧဟိဧဟိခေါ်။
လူသုံးပါးတို့ ဘုရားရယ်လို့ ထင်ရှားပေသော်၊ ကျေးဇူးတော် အနန္တကိုလ၊
တပည့်တော်ရှိခိုးပါ၏နော်၊ မိဂဓါဝုန်သားပေါင်းစုံတဲ့ ရဂုံတော်၊
ရွှေသမင်ပေါသော အဓိပ္ပါယ်တွင် ကြိတ်ကြိတ်နယ်နယ်၊
ဝန်းရံခြွေတို့နဲ့ ဓမ္မစကြာတရား ကျမနေ့ညအမှန်ပူဇော်။
သံပြိုင်။ ။ ဗြဟ္မာနတ်လူအပေါ်………………..ဧဟိဧဟိခေါ်။
သဒ္ဒါဂံရယ်၊ အနာဂံရယ်၊ သောတပန်ဧကန်တည်ကြသော်၊
သင်္ချေတွေ မရေမတွက်နိုင်သော် ပရိတ်သတ်အော်၊ (အောင်ပြီ) ၂
ကောင်းချီးပေးကာနော်၊ သုံးဆယ့်တစ်ဘုံအားလုံးကြွေးကာကြော်၊
အသိဥာဏ် ဈာန်သမာပါတ်နဲ့ ဘုရားမြတ်၏ မဟာရွှေနှုတ်တော်၊
ရိုသေစွာလက်အုပ်မို၍ ရှိခိုးသနော်။
သံပြိုင်။ ။ ဗြဟ္မာနတ်လူအပေါ်……………..ဧဟိဧဟိခေါ်။

မာတိကာ သို့ .....