ပြန်လာခွင့်ပေးထားတယ်

မှန်ရာကို ဆိုမယ် စကားလေးရယ်
အကြင်နာဟာ အသည်းကို တဖြည်းဖြည်း စူးနစ်စေတယ်
ဒဏ်ရာတွေ ရင်မှာ မွန်းကြပ်တာ
အို မစာနာတတ်သူ အားလုံး မင်းကြောင့်ပါ
အရာရာ အကောင်းဆုံး မင်းအတွက် ပေးဆပ်ခဲ့တာ သိမှာပါ
ဒါတောင် ရက်ရက်စက်စက် စွန့်ပစ်ခဲ့တာ ဘာကြောင့်လဲ

ငါလေ မင်းရဲ့အနားနား အမြဲရှိချင်လည်း မခေါ်ချင်သူ
မင်းကိုလေ နာကျင်စွာ ငါ မေးချင်လည်း မဖြစ်နိုင်ပါ
ဒီအချိန် ရှေ့ဆက်ရမယ့် နေ့ရက်တွေထဲမှာ မင်းမရှိတဲ့အခါ
ကြေကွဲစွာ ကျန်ခဲ့လည်း ပြန်လာခွင့် ပေးထားတယ်

ကျန်နေသူ ရင်မှာ ပြောပြစရာ
အို ရှာဖွေလည်းကွယ် စကားများ ဆွံ့အ နေမှာ
အပြင်မှာလေ ရွာတဲ့ မိုးစက်လို
ကြင်နာသူ မျက်ရည် ပါးထက် စီးကျလာ
တစ်ကိုယ်ရည် တမ်းတ လွမ်းဆွတ် ၀မ်းနည်း အထီးကျန် အသည်းအိမ်မှာ
ငါလေ မင်းအတွက် အမြဲတမ်း တံခါးဖွင့်ထားမယ့် အကြင်နာဆုံး

မင်း ရက်စက်လို့ ထားခဲ့ပေမယ့် ချစ်နေသူ
နားလည်ရင် ပြန်လာပါ မျှော်နေမှာ ဘေဘီ

ပြန်လာခွင့် ပေးထားမယ် ပြန်လာခွင့်လေး ပေးထားခဲ့

မာတိကာ သို့ .....