သင်္ကန်းဂုဏ်ရည်

နန္ဒမူအခေါင်း န၀ရတ်ပျံပလ္လင်၊ ဖန်ဂူတန်ဆောင်းဒြဗ်ကမ်းပါးယံတွင်၊
သယမ္ဘူအလောင်း ဆဒ္ဒန်ဆင်ကို ရန်သူအဟောင်းသောနုတ္တိုရ်
သဘောယုတ်သမို့ ဤသို့သတ်ရန်ပြင်။
(ဟိမ၀န္တာတွင်၊ မချိမဆန့်အော်တဲ့အသံ နရာဝနမြိုင်တောဟေမာတွင်)၂
ပဲ့တင်ဟည်း ကြီးသောအသံတော်ပေလျှင်၊ အလောင်းတော်ကြီးအထပ်ထပ်အော်တော်မူရာဌာန
ဖန်ဂူလိုဏ်တော် အိုင်န၀ရတ် ကန်မြိုင်ဒြပ်ကမ်းပါးယံတွင် သနားမဆုံးအားလုံးငိုလေလျှင်။
ထင်လင်းဆင်ခြင်၊ တရားနဲ့တွေးချင့်ရာတွင်၊ ဆင်မင်းအရှင်ဘုရားဘေးဖြစ်ရှာလျှင်၊
အင်ကြင်းပင်နားမှာ သွေးအစက်စက်တွေဖြာ၍ ခွာနှစ်ဖက် မြေမှာရှပ်တော့
တင်လွှမ်း ဆင်မြန်း သင်္ကန်း အရဟတ္တဇကိုမြင်၊ အလောင်းတော်ကြီးသတိချပ်လို့
မချိမဆန့်နဲ့ အမယ်လေး ၀ိပသနာတော်ကိုတင်။
သံပြိုင်။ ။ ဟိမ၀န္တာတွင်…………….အားလုံးငိုလေလျှင်။
(အို ဥမင်အတွင်း မြေသုသာန်မှာ ဗုဒ္ဓ၀င်သနင်း၏ ရွှေရုပ်ခန္ဓာကများမကြာခင်ကြွေပြုတ်ရန်သာစီမံလေလျှင်) ၂
တအားကုန်ရွက်ဆောင် အချက်တထောင်ရှိလျှင် မြားတော်တမင်လွှတ်လျှင် မမြင်ဝံ့ပင်၊ အသားတော် (ရင်ညွန့်တွင်) ၂
စွဲစွဲလဲမတတ်အော်ရှာတော်မူလျှင်။
(မြတ်အလောင်းတော် နာဂိန်မေသည် ရာဇိနြေ္ဒဥာဏ်ယူချုပ်၍ ရန်သူအယုတ် လေးလက်နက်ကြောင့်) ၂
သွေးစက်စက်နဲ့ ဗုဒ္ဓပရမေလျာ ဒုက္ခဝေဒနာ မီးလျှံ တွေ့တာတောင် သည်းခံ၍ နေတော်မူသောအရှင်။
ထင်လင်းဆင်ခြင် ……………… ၀ိပသနာတော်ကိုတင်။
သံပြိုင်။ ။ ဟိမ၀န္တာတွင်……………………..အားလုံးငိုလေလျှင်။

မာတိကာ သို့ .....