ဇစ်မြစ်

အလင်းတု ထွန်းညှိထားတဲ့ ည
မြို့ပြ လမ်းမများရဲ့ အပေါ်
အသိမဲ့ သန်းခေါင်ယံ အို လူသား
ဘယ်နေရာ အိပ်စက် နားမယ်
မရေရာ ဘ၀ရဲ့ ၀ဲဂယက်ထဲ
ငါ ကြွေကာ ကျခဲ့ သစ်ရွက်လို
ဘယ်သောင် ကမ်းသို့ ဆိုက်ရမယ်
ကံကြမ္မာရယ် ဖတ်လို့လည်း မပီ
ငါ့စိတ်ဟာ ငါ့ကို ကိုက်နေဆဲ
ငါ့ဘ၀ဟာ ငါ့ကို စွန့်ခွာပြေး
ငါ့အတွက် အကုန်လုံး ခက်နေဆဲ
ဒေါသဟာ ငါ့ကို ဖဲ့ခြွေတယ်
အိမ်အပြန် ဘယ်အချိန် ကြုံမှာလဲ
ကမ္ဘာမြေရယ် အလင်းတို့ ရောက်တော့မယ်
ရင်မှာ အမှောင်တွေ ပြိုကျဆဲ
ဘယ်မှာ အိပ်စက် နားမယ်
အသက်မဲ့ ဇာတ်ရုပ်လို
ငါ့အဖြစ် ကရတယ်
ဘ၀ ဇာတ်ခုံထဲ

မာတိကာ သို့ .....