တောဂေါ်လီ

ဟေးရိုး S.A.I to the FRENZO SHOW ME A LITTLE BIT OF DIRTY TANGO ဟိုး
သီချင်းတစ်ပုဒ်ကို ဆက်ကာဆို တချို့ပုဂ္ဂိုလ် မျက်နှာညို
ဟစ်ဟော့ကို ရှက်စရာလို့ အတွေးများရင် ပြဿနာဗျို့ .....

ဟိတ် မနက်ခင်း စောစောစီးစီး အိပ်ရာကထ
စိတ်မှာထကြွတော့ သိက္ခာကကျ
လူပျင်းကြီးတစ်ယောက်လို လူဖျင်းကြီးတစ်ယောက်လို
အခုအတင်းအဖျင်းချတော့ စိတ်နာရမလား
သနပ်ခါးဘဲကြားနဲ့ အပြတ်စား ပဲများတယ်
အမှတ်အသားတစ်ခုက ရွှေတစ်ကျပ်သား ဆွဲထားတယ်
လျှောက်လည်ရင် ငါ ချက်ပြုတ် ပုဆိုးနဲ့ ကြွက်စုတ်ဂျပိုးနဲ့ ခွက်ပုန်းခုတ်ခဲ့
အကျင့်ကတော့ လိပ်လိုမျိုး ငါ့ကို လူကြီးမိဘတွေ စိတ်တွေဆိုး
အလုပ်အကိုင် ရာထူးက ၁၀၉ ၁၁၀ ဘ၀ဆိုးလှတယ်
ဆွေမျိုးပြတ်တဲ့ ဂိုက်ပေးကြမ်းတယ်နော် ဗိုက်ကလေးကပူ
မိုက် [Mic] ကလေးများရှိရင် တစ်ရွာလုံးနားအူ
သီချင်း အတင်းဆို လွမ်းမောဆဲ ကိုသာဗျောရဲ့ ထန်းတောထဲ

အားလုံးတက်ကြ ငါ့ထော်လာဂျီ ငါ့မိန်းကလေးများ အော့ကြောလန်သည်
ရွာမြောက်ဘက်ပိုင်းကတော့ သိပ်မကြည် ငါ့နာမည်က တောဂေါ်လီ

ဝမ်းတီး တူးတီး တနေကုန်ထိုင်ပြီး နေရာတကာ ဆရာကြီး
ဒုန်းဒုန်းဒိုင်းဒိုင်း အာအကျယ်ကြီး လော်စပီကာ နှစ်ခြိုက်သည်
ညဘက်နှိပ်စက် အသံကုန်ဟစ်ပြီး မယ်ဒလင်မှာ ဆရာကြီး
မိုးလင်းမိုးချုပ် ဗီဒီယိုကြည့် ရာဇာနေ၀င်း သိပ်ကြိုက်သည်
နေညိုချိန်ဆို အားလုံး အပျိုတွေ ရေခပ်ဆင်းပြီ
မယောင်မလည်နဲ့ သွားပြီး ရေရေလည်လည် ပွားပြီ
ရေစိုနေတဲ့ မင်းရဲ့ အလှအပ မင်းကိုယ်လုံး အသည်းထဲ ရစ်ဖွဲ့ထုံး
ကြင်နာမယ်ဆို မင်းလေးပြောပေါ့ ဘယ့်နှယ်တုန်း တစ်ခုခု ဆုံးဖြတ်ဦး

(ရေ) အိုးလေး လှုပ်ပါဟေ့ (ရေ) အိုးလေးလှုပ်ပါဟေ့ (ကောင်မလေးတွေ)

ဟိတ်ကောင်တွေ မပြေးနဲ့ သူကြီးကလိုက်တယ်
တစ်ရွာလုံးထက် ငါ ပိုပြီးတော့ မိုက်တယ်
မူယာတွေ မာယာမလိုပါ ဒါဟာ အပိုပါ နင်ပျော်ရင်တော့ လိုက်ခဲ့
ကြိုက်တယ် နင်ဟာ အလှ ကွမ်းတောင်ကိုင်
ယောင်ပေယောင်ပေ လုပ်ပြီးတော့ ငါ လွမ်းအောင်မှိုင်
မန်ယူတွေ အာဆင်နယ်တွေ ညဆိုရင် ရူး
ကျန်တာတွေ လာမပြောနဲ့ မသိချင်ပါဘူး
ဘ၀ဟာ ဘာမှ သိပ်မလိုဘူး ငါ့နာမည် ဂေါ်လီ သိပ်ကိုထူး
အပျိုတွေရှေ့ကို မူပိုလို့ လူကို သမုတ်ကြတာ လူပျိုသိုး
မင်းသား ဖြစ်ချင်တယ် ဖိုက်တင်ကျင့်
ဒီမှာ စဉ်းစား စိတ်ကူးယဉ် ထိုင်နေရင်း (အင်း)

မာတိကာ သို့ .....