သူရဲကောင်းတို့ရဲ့ နှလုံးသား

သူရဲကောင်းတို့ရဲ့ နှလုံးသား ခြင်္သေ့ ဆိုတာမြက်မစား
ပါးရိုက်ရင် နားကိုက်တတ်တဲ့ အမိုက်တရား
အတုံအလှည့် အမှားပေါ့ ဥပေက္ခာတား

အမုန်းနဲ့အချစ် အပြစ်နဲ့အကျိုး အဆိုးနဲ့အကောင်း ကြားထဲမှာ
ငြိမ်သက်ခြင်း မငြိမ်သက်ခြင်းဆိုတာ
တိမ်လှိုင်းများပမာ အဲ့ဒါလေတံခွန် ပန်းချီကား အမှန်တရားကိုသာ ဦးထိပ်ထား

ဆင်းရဲတစ်ခါ ချမ်းသာတစ်လှည်ံ ဒုက္ခနဲ့သုခကြားမှာ
အဆင်ပြေခြင်း အဆင်မပြေခြင်းဆိုတာ
ရေလှိုင်းများပမာ ဇွဲနဲ့အစုန်အဆန် လှော်ခတ်သွား ကိုယ့်ကိုကိုယ်သာ ကိုယ်ယုံစား

ကိုယ်ကောင်းတာကိုယ်သိသလို ကိုယ်မကောင်း ကိုယ်အသိဆုံးမို့
သူများမကောင်းတာ ကိုယ်မေ့ထား / သူများအကောင်းကို ကိုယ်လေးစား

ကိုယ့်အကြောင်းကို ကိုယ်ဘယ်လိုသဘောထားထား
ယုံကြည်ချက် ရင်မှာအင်အား

မာတိကာ သို့ .....