သုံးခွက်တခွက်တင်

နေ့စဉ် ညစဉ် မောင့်ကိုပင်၊ မကြည်အောင် မျှော်သရှင်၊
အပေါင်းဟောင်းမေ့၍ အသစ်ကိုမြင်၊ အိုသခင် - အိုမကြင် စိမ်းကားပေါ့ထင်၊
(လာမယ်ဆိုလျှင် သုံးခွက်တခွက်တင်) ၂ ၊ မာယာဥာဏ်ဆင်နှူးတတ်ပေရှင်၊
(အပျော်အပါးမှာများချင်၊ အမော် အကြွားသာသွားလျှင်
တော်သလားဆရာတခြားတွင်၊ အော် သနားပါ တပါးခင်) ၂ ။
မာယာစုံလင် ချစ်ဟန်ဆင် နှူးတတ်ရဲ့ရှင်၊ တော်ပါကိုရင်၊
ရှင့်ကိုမြင် ကြောက်လှပေါ့ခင်၊ မချိုမချဉ် (မျက်နှာတွင်) ၂ ။ သုံးခွက်တခွက်တင်။
(နေ့စဉ် ညစဉ် လူကိုလိမ်ချင်၊ ဒါမျိုးတွေပင် အင်မတန်ချဉ်) ၂ ၊
(ဇဗ္ဗူလက်ျာထင်တိုင်းလှည့်ချင်) ၂ ၊ (ရောက်တတ်ရာရာသွားချင်) ၂ ၊
ပျိုကြည်အောင်ကို မောင်မောင်မကြင်၊ စိမ်းကားတယ်ထင်။
မာယာစုံလင် ……. သုံးခွက်တခွက်တင်။
(အိုရှင်……….ကိုသခင် တော်ပါ ပျော်ပါး၍ပင်၊ ချစ်လင်ခင့်အပြင်) ၂ ၊
အိုရှင် .....… ချစ်လင် (အကြွား အ၀ါနှင့် နေခဲ့လျှင်၊ မောင့်ကိုဖြင့် ပျိုမချစ်ချင်) ၂
နေ့စဉ်ညစဉ် ဒဂုန် ဆရာတင်က မောင့်မောင့်အတွက်သည်စာထွင်၊
(ဇဗ္ဗူလက်ျာ ထင်တိုင်းလှည့်ချင်) ၂ ၊ (ရောက်တတ်ရာရာသွားချင်) ၂ ၊
ပျိုကြည်အောင်ကို မောင်မောင်မကြင်၊ စိမ်းကားတယ်ထင်။
မာယာစုံလင် ……… သုံးခွက်တခွက်တင်။

မာတိကာ သို့ .....