နေခဲ့တော့

မမေ့လိုက်နဲ့ သတိတစ်ချက်တော့ ပေးချင်ရဲ့
ဘ၀အိုတွေ အတိတ်မှာ ရှိတယ်
ရိုးလွန်းတဲ့ အိပ်မက်တို့ မေ့ပစ်လိုက်
ငါတို့ အတူတူ ရှေ့ကို လှမ်းဖို့
အတွေးဟောင်းများတော့
သန့်စင်အောင် ဂျီးချွတ်လိုက်

မြင့်မြတ်တဲ့ ကတိတစ်ခုတော့ ပေးထားဦး
ကောင်းမွန်စွာ သိမ်းကာထားမလို့
မီးမထွန်းတဲ့ မင်းအကြည့်တို့ ဆေးကြောဦး
ရှေ့ဆီကို ငါတို့တွေ သွားဖို့

ကောင်းကင်ကြယ်လို မစင်ကြယ်ရင် နေပါစေ
အတွေးဟောင်းများတော့
မင်းနောက်မှာ မထားခဲ့ရင်
နေခဲ့တော့ ကျန်ခဲ့တော့ နေရစ်တော့ ကျန်ရစ်တော့
အနောက်ဘက်လမ်းထဲ မင်းတစ်ယောက်တည်းပဲ
နေခဲ့တော့ ကျန်ခဲ့တော့ နေရစ်တော့ ကျန်ရစ်တော့
ညှိမရလို့တော့ အဝေးဆီမှာ ထားခဲ့မယ်

မာတိကာ သို့ .....