နင်မချစ်လည်းပဲ ငါချစ်တယ်

အနေအထိုင်အချိုးမကျလူတစ်ယောက်လို
ငါ့ကိုအတင်းသဘောနဲ့ လူတွေပြောတယ်
ငါဟာဆိုးသွမ်းလူငယ်တစ်ယောက်အဖြစ်
မင်းအပေါင်းအသင်းတွေမြင်နေကြတယ်
ခံယူချက်နဲ့ အကြိုက်တစ်မျိုးစီ
တစ်ယောက်နဲ့တစ်ယောက်တော့ မတူနိုင်ဘူးလေ
လူပျိုဘ၀ရဲ့အခွင့်အရေးဟာ လွတ်လပ်မှုလို့ငါ ခံယူတယ်
သေချာအောင်နင်လေ့လာပါ ကိုယ်ထင်တာကို
ကိုယ်လုပ်တဲ့ (အကျင့်ရှိတဲ့)ငါလိုလူကို
နင်လေ့လာပါ (ထားလိုက်ပါ) နင်မချစ်လည်းဘဲ ငါချစ်တယ်
ယုံကြည်မှုနဲ့ အခွင့်အရေးယူ အချစ်အတုကို
အလှူလုပ်ကာ လိမ်ညာတတ်တဲ့ လူတွေထဲမှာ
ဆိုးသွမ်းလွန်းတဲ့ ငါလူဆိုးမပါ
နင်ယုံအောင်အသည်းနှလုံးအပေါင်ထားမယ်
အတိုးလည်းပေးမယ် ၁၅၀၀ ငါလိုဆိုးသွမ်း လူတစ်ယောက်မှာ
ချစ်တဲ့စိတ်တော့ရှိပါတယ် မယုံရင်နင်လေ့လာပါ
ကိုယ်ထင်တာကို ကိုယ်လုပ်တဲ့ (အကျင့်ရှိတဲ့) ငါလိုလူကို
နင်လေ့လာပါ (ထားလိုက်ပါ) နင်မချစ်လည်းဘဲ ငါချစ်တယ်

မာတိကာ သို့ .....