နေခြည်

အရုဏ်မိုးသောက်အလင်းရောက်ရင် ငှက်ကလေးတွေ
တေးဆိုနေတုန်း နေခြည်မင်းအလင်းထွန်းလင်းလာ

ပြာလွင်လွန်းတဲ့ မိုးကောင်းကင်တိမ်တိုက်တွေ
ခရီးရှည်နှင်တုန်း နေခြည်မင်းအလင်းလမ်းပြပါ

မေတ္တာအလင်းတွေဖြန့်ဝေနေသောမင်းကို
စွဲလမ်းစိတ်နဲ့ချစ်ခဲ့လေသော ငါ့ရဲ့ဘ၀ကမင်းအတွက်ပဲ

ရွှေဘုံနန်းထက်တော်ဝင်ထိုက်တဲ့ပန်းကလေးကို ခူးချွေဖို့မျှော်လင့်ရဲတယ်
လေမှာလွင့်တဲ့ငါဟာသစ်ရွက်ခြောက်များလို ငါချစ်ခြင်းသိမ်ငယ်လွန်းတယ်
မျှော်လင့်ခြင်းနဲ့လည်ပြန်ကြည့်တဲ့ မင်းအကြည့်တွေ ငါ့ရင်ထဲပင်လယ်လှိုင်းများထန်
အရှေ့နဲ့အနောက်လိုကွာဝေးလည်း မင်းနဲ့တွေ့ချင် မျှော်လင့်ဆဲ
မင်းလေးနဲ့ဘ၀တွေခြားရင်ဖြေသိမ့်မယ် မင်းနဲ့ဝေးရင်

အိမ်အပြန်လမ်းလေးငါ့အရှေ့မှာ ငါ့အလွမ်းတွေငွေ့ရည်ဖွဲ့နေတုန်း
နေခြည်ကင်းမဲ့အလွမ်းဆည်းဆာ

ကမ္ဘာတွေခြားဆဲမင်းနဲ့ငါဒီဘ၀မှာ တွေ့ဆုံနိုင်မလား
နေခြည်မင်းလေးအဆုံးအဖြတ်ပါ

မေတ္တာအလင်းတွေဖြန့်ဝေနေသောမင်းကို
စွဲလမ်းစိတ်နဲ့ချစ်ခဲ့လေသော ငါ့ရဲ့ဘ၀က မင်းအတွက်ပဲ

နေခြည်မင်းရှိမှဖြစ်လိမ့်မယ် ငါ့ရဲ့ဘ၀ကပြည့်စုံမယ်
မင်းမျက်ဝန်းရဲ့အကြည့်တွေဟာ ငါ့ရဲ့အင်အားပဲ
နေခြည်မင်းရှိမှဖြစ်လိမ့်မယ် အေးမြတဲ့အရိပ့် ငါလှမ်းလာမယ်
ငါစွဲလန်းလွန်းလို့ချစ်သူရယ် မင်းလေးနားလည်ကွယ်

မာတိကာ သို့ .....