အိမ်မက်ကောင်းစဉ် မိုးအလင်းစေချင်

အလင်္ကာသံချို အာခံနေသလို ကိုယ်ထင်မိတယ်
နတ်စောင်းသံလိုပါ သူ့စကားပြောသံတွေကို
ပြန်လည် ကြားယောင်မိတယ်

ဒဏ္ဍာရီတွေ ပုံပြင်တွေကို မယုံကြည်ပေမယ့်လည်း
စိတ်ကူးယဉ်ဆန်တဲ့ သူနဲ့တွေ့ဆုံပုံကို ဘယ်လိုမေ့မလဲကွယ်

အို.....အိမ်မက်ရယ် အလှပဆုံးသော မက်ခွင့်ပြုပါ
အိမ်မက်ကောင်းစဉ် မိုးမလင်းသေးခင် ကိုယ့်ရဲ့ည ခဏကလေးပါ

အရုဏ်ချိန်ဟာ ရန်မူလာတယ် ဒီအိမ်မက်ကို
ဖျက်လိုဖျက်ဆီး နိုးထစေခဲ့ပါတယ်
အို.....မနက်ခင်းကို မရောက်ချင်

မာတိကာ သို့ .....