တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်

သူတို့နဲ့မဆိုင်ဘဲနဲ့ တို့နှစ်ယောက်ရဲ့ကြားမှာ ငလျင်လှုပ်တုန်း
ပုခက်လွှဲချင်ကြတယ် မလိုသမာသူ သွေးထိုးစကား မင်းနားယောင်မိနေလေတော့ကွယ်
ကိုယ်ဘာများ တတ်နိုင်ဦးမှာလဲ ကိုယ်ဘာများ ပြောနိုင်မှာလဲကွယ်

သူတို့နဲ့တိုက်ပွဲအတွက် မင်းပဲအားကိုးရှိတယ်
မင်းအတွက်ကြောင့် သူတို့နဲ့ဖြစ်ရတယ်
ကာယကံရှင်မင်းကရော ကိုယ့်ဘက်မှာ မရပ်တည်နိုင်တော့ကွယ်
ကိုယ်ဘာများ တတ်နိုင်ဦးမှာလဲ ကိုယ်ဘာများ ပြောနိုင်မှာလဲကွယ်

ရှေ့ဆက်ပြီး ကိုယ်ဘာဆက်လုပ်ရမလဲ မင်းနဲ့လဲ ကိုယ်မခွဲနိုင်ဘူးကွယ်
ကိုယ့်ဘ၀ထဲ မင်းတစ်ယောက်သာအဖော်ရှိတယ်
ကိုယ့်ဘက်လဲ တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်

သူတို့ရဲ့စိတ်ထားက ပွဲလန့်တဲ့ကြားမှာ မငြိမ်မနေပဲ ဖျာခင်းချင်ကြတယ်
စေတနာတွေပြောဦးမလား ကွဲသွားရင် ၀မ်းသာကြပါမလား
ကိုယ်ဘာများတတ်နိုင်ဦးမှာလဲ ကိုယ်ဘာများ ပြောနိုင်မှာလဲကွယ်

ရှေ့ဆက်ပြီး .... တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်

မာတိကာ သို့ .....