နဂါးနီ

(ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ပါမည်
ရတနာ ခုနစ်သွယ် တကယ်ပင်စုံညီ ဒို့အမျိုးသား တိုင်းပြည်) ၂
မွဲတဲ့သူ လှူဒါန်းနိုင်မည် ကျောင်းဆောက်ခါ ဘုရားပါတည်
ဘိုးဘိုးအောင်နဲ့ ရှင် အစ္စဃောဏတို့ မ တဲ့ကိန်းဆိုက်မည်

(ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည်
လူမွဲတွေက မနှေးခေတ်မီ သူဌေးဖြစ်တော့မည်) ၂

ဒို့ နဂါးနီ သိဒ္ဓိတန်ခိုးနဲ့ ဆင်းရဲသားတို့ မညှိုးပြီ
အကျိုးထူးပေးတော့မယ် တဲ့ ခေတ်သစ် ထူထောင်မည်
အေးချမ်းသာယာစည် ဒို့ နဂါးနီ တန်ခိုးနဲ့ အမျိုးဂုဏ်တက်စေမည်

(နေရေးနဲ့ စားသောက်ရေးပါ မနှေးအောင်ပင် ကြံဆောင်ရမည်
လူမွဲများ စိတ်ချမ်းသာအောင် ကြံဆောင်မည် ဒို့ နဂါးနီ) ၂
ဘာသာရောင် သာသနာရောင် ထွန်းလင်းပြောင်မည်
ကောင်းစားမယ် ဒို့ နဂါးနီ ရွှေမိုး ရွာမည်

(သိဒ္ဓိအဖုံဖုံ လုံခြုံစေမည် နေ့စဉ်ဖိုမထိုးဘဲ အကျိုးပေးနိုင်မည်) ၂
မြန်မာပြည် နဂါးနီတန်ခိုးရယ် မြေသျှိုးပါလို့ မိုးပျံနိုင်မည်
မွဲတဲ့သူတွေ ငွေမရှားအောင်လို့ တိုးပွားဖို့
ဆောင်ရွက်ခါမှန်း ထွက်ရပ်လမ်း ပြမည်

မာတိကာ သို့ .....