မောင်မနေတတ်ဘူး

ဒီအချိန်ကိုရောက်ရင် တို့နှစ်ယောက် အမြဲတွေ့နေကျ
ဒီနေရာလေးမှာ တို့နှစ်ယောက် လမ်းလျှောက်နေကျ
အရာရာတိုင်းဟာ မင်းအကြောင်းနဲ့ နွယ်ဆက်လာ
ဘယ်သူကိုတွေ့တွေ့ မင်းအရိပ်ပဲ တွေ့ယောင်လာ
ဘာအသံကိုကြားကြား မင်းစကားပဲ ကြားယောင်လာ
ဘယ်လိုနေရမလဲ မင်းမရှိတဲ့ ဒီဘ၀မှာ

မောင်မနေတတ်ဘူး ယောင်ချာချာ အရူးတစ်ပိုင်း ဖြစ်နေပြီ
ဘာတွေပဲလုပ်လုပ် ဟာတာတာ ရင်မှာကျန်နေမြဲ
မောင်မနေတတ်ဘူး အတူနေစဉ်တုန်းက ဘ၀ကိုပဲ
ပြန်လည်သတိရနေ မောင်မနေတတ်ဘူး မောင်မနေတတ်ဘူး
မောင်မနေတတ်ဘူး မနေတတ်ဘူး

ပြန်ရှာရင်တွေ့မယ် မင်းကစပြေးရင်လေ
ကြာလာရင်မေ့မယ် မင်းကစမုန်းရင်လေ
ကြုံလာပြန်တော့လည်း မပြေးမမုန်းဘဲ ကမ္ဘာခြားနေ
မြင်နိုင်ပေမယ့်လည်း မရှိတော့တဲ့ အချစ်မှာလေ
ပိုင်ဆိုင်ပေမယ့်လည်း မသိတော့ အဖြစ်မှာလေ
ဘာကို မျှော်လင့်မလဲ ချစ်လျက်နဲ့ ဘ၀ခြားနေ

မာတိကာ သို့ .....