နွံ

ရင်ဆိုင်မယ်လေ ရင်ဆိုင်မယ်လေ
ရေဆန် အတူဖြတ်မယ် ဆိုတဲ့မင်း
နင် ညာနေကျ စကားတွေ ဘယ်မှာလဲ
နင် ထင်သလို ဘ၀ဟာ အိပ်မက် မဟုတ်မှန်း သိတဲ့နောက်
ငါ တကယ် တမ်းတချိန် အဝေးကို မင်း ထွက်ပြေး

နေ့တိုင်းလေ ကျွံဝင်နေတဲ့ အချစ်နွံ
ဘယ်လိုများ လွတ်နိုင်မလဲ

ငါလိုကောင် ရင်ကွဲ ကျန်နေပါစေ
နင် လာရာ လမ်းကို ပြန်ပြီဟေ့
နင် တင်တဲ့ အပြစ်တွေ အကုန်ယူပြီး
ကျန်နေတဲ့ ဘ၀မှာ ငါလေ တစ်ယောက်တည်း အချစ်ရေ ကြည့်
တကယ်ကို တမ်းတနေ မင်းကိုပဲ ချစ်လို့

နေ့တိုင်းလေ ကျွံဝင်နေတဲ့ အချစ်နွံ
ဘယ်လိုများ လွတ်နိုင်မလဲ
တစ်နေ့ပြီး တစ်နေ့ ဒဏ်ရာတွေ မော့သောက်ကာ
ဝေဒနာအလွမ်း ဆေးရေးခြယ်ရင်း

နင် ပြန်မလာနဲ့ ပြန်မလာပါနဲ့
ဖြေသာအောင် ဟစ်ကာ အော်နေခဲ့
ရင်ခွင်မှာတော့ မင်းကို မျှော်နေမိ
ကွယ်ရာမှာ မင်း ရင်မခုန်တဲ့ ရော့ခ် သီချင်းတစ်ပုဒ်နဲ့ လွမ်း
ဘယ်လို တမ်းတပါစေ မရနိုင်တော့တဲ့ အဖြစ်

တစ်နေ့ပြီး တစ်နေ့ ကျွံဝင်နေတဲ့ အချစ်နွံ
ဘယ်လိုများ လွတ်နိုင်မလဲ
နေ့တိုင်းလေ ဒဏ်ရာတွေ မော့သောက်ကာ
အရင်လိုပဲ လွမ်းနေဆဲ

မာတိကာ သို့ .....