သူဘယ်မှာလဲကွယ်

ကြည်လင်ထာဝရအလင်းစဉ် တာရာရှင်လမင်းလို
အကြင်နာရောင်စဉ်ပေးမယ် လကလေး တစ်စင်းတော့ရှိမယ်
အရောင်မဲ့ ဘ၀ထဲဝယ် ကိုယ့်လမင်းလေးကို တိမ်များကွယ်
အပင်ပေါ်မှာလဲမွှေးသလို မြေပြင်မှာ ရနံလည်းမပြယ်
အခြေနေမှန်နေတတ်တဲ့ အချစ်ပန်းကောင်းတစ်ပွင့်တော့ရှိမယ်
ရနံ့ကင်းမဲ့တဲ့ဘ၀၀ယ် ကိုယ့်ရဲ့ပန်းလေးကို
ရှာမိတယ် / ချူရေးမလွယ်

ဘယ်ဆီဘယ်ဝယ်မှန်း ကိုယ်လွမ်းရပါ့မယ် တမ်းတသူ
နွမ်းလျလို့ နေပြီကွယ် ယုံကြည်မျှော်လင့်ဆဲ သြော်
တစ်နေ့တော့ဖြင့်တွေ့မယ် အချစ်မှန်ရင် ဆုံဆည်းကြ ရမှာမလွဲ

နွေလယ်ဘ၀ခရီးထဲဝယ် အဖော်မပါ ကိုယ်တစ်ကိုယ်တည်းရယ်
အစုန်ကိုဆန်တက်ရင်းနဲ့ ဘ၀ခရီး
ဆက်လျှောက်ရမယ် အဖော်ကင်းမဲ့တဲ့ ဘ၀၀ယ်

ကိုယ့်ရဲ့မိန်းကလေးရယ် ဘယ်မှာလဲကွယ်
ကိုယ့်ရဲ့ပန်းကလေးရယ် ဘယ်မှာလဲကွယ်

မာတိကာ သို့ .....