အတိတ်ရင်ခွင်

ဟိုး ... အတိတ် မြူဖုံးထား အတွေးများထဲ
ငါတို့ရဲ့ အကြောင်းများ စဉ်းစားရင်း အသိတွေေ၀၀ါးခဲ့
အို ... ငါ့ အရိပ်တွေ ငါ့ စိတ်တွေ လေပြေတွေလို လွင့်ပါးရင်းနဲ့
စိတ်ကူးလေးများထဲ မှေးစက်ခဲ့ မင်း ရင်ခွင်ထဲ

ဟိုး ... မိုးသားထဲ နင့် အပြုံးလေးများ လူးလွန့်ခဲ့
ဒီရင်ခွင်ဟာ ရုတ်တရက်ပေါ့ တုန်ခါနေရင်း
အာရုံမှာလေ ဟိုးအတိတ်တို့ ပြန်လည်မြင်ယောင်ရင်း
စိတ်ကူးများထဲ မှေးစက်ခဲ့ မင်း ရင်ခွင်လေးထဲ

တစ်ယောက်တည်း ငါ့မှာ နင့် အကြောင်းများ ပြန်တွေးကာ
ဒီအမြင်တွေဟာ မှုန်သွားတဲ့ ခဏ
စိတ်ကူးလေးများထဲ မှေးစက်ခဲ့ မင်းရင်ခွင်ထဲ

စိတ်ကူးများထဲ မှေးစက်ခဲ့ မင်း ရင်ခွင်လေးထဲ

မာတိကာ သို့ .....