အချစ်ဖော်ကောင်

ခင်မင်ခဲ့ရတဲ့ အချစ်ဆုံး သူငယ်ချင်းရေ တို့နှစ်ယောက် မရိပ်မိခင်မှာဘဲ
ခိုင်မာသွားတဲ့ အကြင်နာ နှောင်ကြိုးဟာ တို့အသည်းတွေကို ရစ်နှောင်ပြီ

ကိုယ်စီထားရှိတဲ့ အချစ်မေတ္တာတရားကို နှုတ်ဖျားက
မပြောကြပေမယ့်လည်း ဝေဒနာနွေးတဲ့ အကြင်နာ အကြည့်လေးဟာ
အချစ်ရဲ့ ဖော်ကောင်လေးတွေပါ

အချစ်ဆုံး အတွယ်တာဆုံးလို့ မှတ်လိုက်ပြီ မိန်းကလေးရေ
တွေဝေမနေနဲ့တော့ ...
အိုး ... ဣနြေ္ဒသိက္ခာငဲ့ကာ မာယာတွေ မသုံးစေချင်ဘူး
ပညာတွေ မပြစေချင်းဘူး

တွယ်တာခဲ့ရတဲ့ အဆင့်ကလေး ကျော်ခဲ့တာ
နှစ်ဦးသား သတိမထားခင်မှာဘဲ
အပြန်အလှန်ထားရှိတဲ့ စေတနာ သဒ္ဓါများဟာ
တို့အသည်းတွေကို ချုပ်ကိုင်ပြီ
ရင်မှာသိမ်းဆည်းတဲ့ အရိုင်းမေတ္တာလေးကို
စကားဖွဲ့ပြီး မပြောကြပေမယ့်လည်း
ဆုံနေကြတဲ့ အကြင်နာမျက်ဝန်မှာ
အချစ်ရဲ့ ခြေရာတွေ့ပြီလေ

အိုး ဣနြေ္ဒသိက္ခာငဲ့ကာ မာယာတွေ မသုံးစေချင်ဘူး
ပညာတွေ မပြစေချင်ဘူး

မာတိကာ သို့ .....