နှစ်ကိုယ်တူမျက်လုံးတွေ မော်ဖူးမိ ဆုံခဲ့ခဏအချိန်တွေ
စိတ်ရိုင်းတွေ ချွန်းအုပ်လို့နိုင်အောင်ထိန်းနေ
မြတ်သောပန်း ကိုယ်မနမ်းဝံ့ပြီမေ အခြေခံလူသားလေ
အရောင်မတောက်ပ ကိုယ်တို့ဘ၀ပါလေ ဒီတော့လေ မမျှော်ရဲတဲ့
ရွှေဘုံနန်းတွေ မယှဉ်ရဲဘူး ကိုယ်နောက်ဆုတ်မယ်မေ.....
အကြင်နာတွေကို ကိုယ်မမျှော်လင့်ရဲဘူးအချစ်ရေ လူတန်းစားမညီတဲ့
ဘ၀မှာလေ ကိုယ်ရင်မှာ ဘယ်လိုဘယ်လောက်ပဲ ချစ်လဲလေ
ဘ၀ချင်းက မျဉ်းပြိုင်ဆုံဖို့ဝေး
ကိုယ်နေတဲ့အိမ် ဓနိမိုတဲ့ ထရံကာတဲကလေးမေ ဒီတော့လေ
ရွှံထဲတော့မခေါ်ရက်ဘူးလေ ရွှေနားကွပ် ဘ၀တဲကလေးထဲမှာနေ
အာကာပြင်ဟာရောင်စုံခြယ် လို့လှပနေ မြေကြီးရဲ့အရောင်က
မှိုင်းမှုန်ဝေ ယူဇနာအသင်္ချေကီလိုမိုင်ဘယ်လောက်ပြေးလဲလေ
မြေကြီးနဲ့ကောင်းကင်မဆုံတော့ဆွေး
မပြေလည်နိုင်တဲ့အဖြေ မြေကြီးရဲ့မာနပျက်ကာကြွေ
တိမ်တိုက်တွေ မျှော်မှန်းရင်း ရင်မှာအလွမ်းဖြေ
မြေကြီးက မြေကြီးဘ၀မှာနေ
မာတိကာ သို့ .....