မွေးရပ်မြေဆီ သွားရပြီ

အပြာရောင်တောင်တန်း မြူနှင်းဖုံးလွှမ်းကာ လွမ်းစရာ
အဝေးမှာကျန်ခဲ့ပြီ မခွဲရက်အခွဲခက် မောင်သွားရတော့မည်
ကြင်သူလေးနဲ့ ဝေးရပ်မြေဆီ

တူနှစ်ကိုယ်ပျော်ခဲ့ အချိန်ကလေးများတို့ရယ်
အတွေးကမ္ဘာထဲ တ၀ဲလည်မြင်မိတယ်
အသည်းထဲမှာတဆင့် မျက်ဝန်းအရပ်သို့ဆီ
အပူရောင် ပုလဲပန်းဖူးပွင့်လေပြီ

အကြင်နာချစ်ပန်း လန်းဆန်းချိန် နွမ်းရတော့မည်
အတူမခွဲချင်လည်း ကံကြမ္မာ မပေးပြီ

ကြင်သူထံပါး မောင်မရှိတော့လည်းကွယ်
အချစ်ရယ် အားမငယ်ပါနဲ့ကွယ်
ထားခဲ့တဲ့ အချစ်မပျက် ပြန်လှမ်းခဲ့ပါ့မယ်
အို.....အချစ်ဆုံးရဲ့ စောင့်လို့နေကွယ်.....

အကြင်နာအချစ်ပန်း......ကံကြမ္မာမပေးပြီ
ကြင်သူထံပါး......စောင့်လို့နေကွယ်

မာတိကာ သို့ .....