မင်းအတွက်လက်ဆောင်

မျက်ဝန်းနက်နက် မင်းအကြည့်တွေ တကယ်စူးရှတော့ ငါမခံနိုင်တော့ပါ
အရင်ဆုံးမင်းပေါ့ မိုးမလင်းခင် လာနှောင့်ယှက်တော့ နေ့နဲ့ညလွဲမှား
နေမင်းရှေ့က အလင်းပေးမယ့် မီးစုန်းငါ
နင်မှန်းထားတဲ့ ငါ့လက်ဆောင် အလိုမကျတဲ့အခါ နင်အလိုရှိရာ ထွက်သွား

အရင်က မင်းကတကယ်မရှိပါ ဟန်ဆောင်ချစ်တဲ့ ငါ့အနားလာ
အရင်က မင်းက ဘယ်နားမှာ စံချိန်မပြည့်တဲ့ ဒီအချစ်ကို နင်မလိုချင်ခဲ့တော့

ငါ့ နှလုံးသားက မင်းအရိပ်ကို မရှောင်တိမ်းတတ်တော့ ငါတကယ်မလန့်ပါ
အချစ်ဆုံးမင်းပေါ့ ငါ့ဘ၀ကို အပျော်သဘောခဏပေါ့ နင်လိမ်ခဲ့တာ

ကမ္ဘာအဆက်ဆက်ထိ မင်းအချစ်ကို မယုံရဲတော့ပါ
နင်မုန်းထားတဲ့ငါ့လက်ဆောင် အလိုမကျတဲ့အခါ
အချိန်ကုန်ဆုံးတော့ အရာရာပြောင်းလဲ/နင်အလိုရှိရာ ထွက်သွား

မာတိကာ သို့ .....