နှစ်ယောက်တစ်အိပ်မက်

ယုံကြည်နေမယ်နော် အိပ်မက်ဆိုးများ ပျောက်ကွယ်လို့ရယ်
ခိုင်ခိုင်မြဲမယ့် နှစ်ယောက်တစ်အိပ်မက်ကို မက်ဆဲပဲ
တူညီနေမယ်နော် ဒီလိုဘ၀ရဲ့ အချိုးအကွေ့များ အလယ်
ယုံကြည်ထားတဲ့ နှစ်ယောက်တစ်အိပ်မက်ကို မျှော်လင့်ခဲ့

တို့နှစ်ယောက် နှစ်ယောက်တစ်အိပ်မက်နဲ့အတူ
ကြင်နာစွာ ခိုင်မြဲ လက်တွဲထားမယ်
တို့နှစ်ယောက် နှစ်ယောက်တစ်အိပ်မက်နဲ့ အတူ
ထာဝစဉ် ယုံကြည်နော် / တည်စေနော်

ကြင်နာနေမယ်နော် ခန္ဓာသွေးကြော အသက်ရှင်သရွေ့ရယ်
ချိုမြိန်ခြင်းနဲ့ နှစ်ယောက်တစ်အိပ်မက်ကို မက်ဆဲပဲ
ပိုင်ဆိုင်ချင်တယ်နော် ရင်မှာ နွေးထွေးမေတ္တာများရယ်
သေချာခြင်းနဲ့ နှစ်ယောက်တစ်အိပ်မက်ကို မျှော်လင့်ခဲ့

မာတိကာ သို့ .....