ငါအော်ငိုလိုက်ချင်တယ်

မနက်မိုးလင်းတွေ့လိုက်ရစဉ် မင်းရဲ့ရုပ်သွင်ငါကြည့်ရင်း
အချိန်တိုင်းပဲသတိရမိတယ် နင်းစီးတဲ့ကျောင်းကားကြီးရယ်
ငါ့ရှေ့ကဖြတ်တော့ကွယ် ငါအော်ငိုလိုက်ချင်တယ်

တစ်နေ့တော့အရဲတင်းပြီးလေ မင်းဘေးနားမှာငါရပ်ရင်း
အချစ်ကြောင်းတို့ဖွင့်ဟမိစဉ် ငါတက်တဲ့ကျောင်းကြီးကလေ
` ကွန်ပျူတာတက္ကသိုလ်ဟဲ့ ´ နင့်အဆင့်နဲ့တန်လို့လားတဲ့

လူအများက၀ိုင်းကြည့်ကြစဉ် ခါးလေးထောက်ကာရန်တွေ့ပြီး
ငါရှက်လို့ပြေးထွက်မိပြီ နှုတ်ခမ်းလေးမဲ့ရွဲ့ပြီးတော့
ပြုံးမဲ့မဲ့နဲ့ ကြည့်သူရယ် ငါအော်ငိုလိုက်ချင်တယ်

လေထဲဆောက်ဖြစ်ခဲ့တဲ့ငါ့အတွေးတိမ်တိုက်ကလေး
နင့်ရဲ့ဒေါသမီးလျှံအောက် ရောက်ချိန်ပျောက်ပြီ
တကယ်ပဲဆို့နင့်ခဲ့ရင်မှာနင့်မှာအမုန်းနဲ့
မာနကြီးလွန်းလှသူရယ် ငါတစ်ကယ်ချစ်ခဲ့

မနက်မိုးလင်းတွေ့လိုက်ရစဉ် မင်းရဲ့ရုပ်သွင်ငါကြည့်ရင်း
အတိတ်အကြောင်းတို့သတိရမိပြီ ငါစီးတဲ့ကားကြီးနားက
မိန်းမချောလေးဝေးတော့ကွယ် မြင်ယောင်ကာလွမ်းနေခဲ့

မထင်မှတ်ပဲတွေ့လိုက်ရစဉ် ရုံးခန်းရှေ့မှာလာရပ်ရင်းနဲ့
ငါချစ်တဲ့ကောင်မလေးရယ် အတွင်းရေးမှူးလေးတဲ့ကွယ်
ခေါင်းငုံကာကြည့်နေတယ် ငါအော်ငိုလိုက်ချင်တယ်

လေထဲလေဆောက်ဖြစ်ခဲ့တဲ့ ငါ့အတွေးတိမ်တိုက်ကလေး
နင့်ရဲ့ ဒေါသမီးလျှံအောက် ရောက်ချိန်ပျောက်ပြီ
တကယ်ပဲဆို့နင့်ခဲ့ရင်မှာ နင့်ရဲ့အမုန်းနဲ့
တကယ်ပဲဆို့နင့်ခဲ့ရင်မှာ နင့်ရဲ့အမုန်းနဲ့
မာနကြီးလွန်းသူရယ်ငါတကယ်ချစ်ခဲ့

နှုတ်ခမ်းလေးမဲ့ရွဲ့ပြီးတော့ ပြုံးမဲ့မဲ့နဲ့ကြည့်သူရယ်
ငါအော်ငိုလိုက်ချင်တယ်
ရှက်ပြုံးလေးပြုံးပြပြီးတော့ ပြုံးမဲ့မဲ့နဲ့ကြည့်သူရယ်
ငါအော်ငိုလိုက်ချင်တယ်

မာတိကာ သို့ .....