အမုန်းတွေ ရုပ်သိမ်းပေး

တို့ ရိုးသားစွာ ချစ်မိ
မင်း မုန်းလိုက်တာ သိပ်လွယ်လွန်း
မင်းရဲ့ အရိပ်လို အနားမှာ
နေတာ စွဲလန်းခြင်းပါဟေ့
အချစ်ရဲ့ ဥပဒေတော့
တကယ်ကို နားမလည်သေး

မင်း အမုန်းတွေ ရုပ်သိမ်းပေး
ဘယ်လိုလဲ မင်းကို မချစ်ရဘူးလား
ငါ ဒီလို အချစ်အကြောင်းကို အဖြူစင်ဆုံး တွေး
ဘယ်လိုလဲ မင်းကို မချစ်ရဘူးလား
ဘာကြောင့်လဲ အချစ်ရယ်

တစ်ညလုံးပဲ ငါ့စိတ်ထဲ ပြန်ဆန်းစစ်
အချစ် အိပ်မက်တွေ အလှဆုံး
ဘာအတွက် နှလုံးသားကို အကျဉ်းချထားမလဲ
ရင်ခုန်ခြင်းနဲ့ ထပ်တူ နေကြည့်ဖို့
အပြစ်မဲ့တဲ့ အချစ်တွေဟာ လက်တစ်ကမ်းမှာပါ

ဘယ်လိုလဲ အချစ်လေး
ဘယ်လိုလဲ အချစ်လေး
ဘာကြောင့်လဲ အချစ်ရေ
မာတိကာ သို့ .....