စိတ်နဲ့ကျုပ်နဲ့ ညစ်တယ်ဗျို့

စိတ်ညစ်စရာကြား စိတ်ညစ်ရတာများလို့ စိတ်ညစ်တယ်ဗျို့
သြော် ရိုးလွန်းတော့နွား ဆိုးလွန်းတော့ကျား ခင်ဗျားတို့ ထင်သမို့
ပြဒါးသံနဲ့ တစ်လမ်းတစ်ဘက်ဆီသို့ စိတ်ညစ်တယ်ဗျို့
မတည်မြဲတည့် ကမ္ဘာလှည့်ကွက်ထင်လို့ စိတ်ညစ်တယ်ဗျို့
အနေမတတ်ခဲ့ရင် ပါးစပ်ကမစီသမို့ စိတ်ညစ်တယ်ဗျို့
သြော် ဖြစ်တာအပို လိုတာမဖြစ်တော့ စိတ်ညစ်တယ်ဗျို့

အရာရာမှာအဆင်မပြေတာ များလွန်းလို့ လူတွေနဲ့
အပြေလည်ဆုံး နေနိုင်ဘို့ ပစ္စုပ္ပန်စေတနာတွေ အထားမတတ်တော့
သြော် ဝေဒနာဆင့်ကာ စိတ်ညစ်တယ်ဗျို့
ကုသိုလ်ကံပါး လောကဓံ ရန်များလို့ စိတညစ်တယ်ဗျို့
သြော် ညှိုးလွန်းတော့မှား ချိုးလွန်းတော့သွား တရားနဲ့မြင်လို့
အသွားနဲ့အပြန်နဲ့ အနီးအဝေးနေသမို့ စိတ်ညစ်တယ်ဗျို့
မချစ်မနှစ်သက်သောသူ ပေါင်းရသမို့ ဒုက္ခတွေတစ်ချို့
သြော် ချစ်နှစ်သက်သောသူတွေ မတွေ့တော့နိုင်သမို့ ဒုက္ခတွေဗျို့
သြော် ချစ်တော့မချို ချိုတာမချစ်တော့ စိတ်ညစ်တယ်ဗျို့

ဘ၀ရဲ့ချိန်ခွက်ကလေး အခိုးခံထိလို့ စိတ်ညစ်တယ်ဗျို့
တိုးမယ့်ခြေလှမ်း လမ်းမပေးသူတို့ ကြည့်လုပ်ပါဗျို့
သြော် လောဘဆိုတာ တော်ရုံထားမှ ကောင်လိမ့်မယ်ဗျို့
စိတ်ညစ်စရာကြား တစ်လမ်းတစ်ဘက်ဆီသို့ စိတ်ညစ်တယ်ဗျို့

မာတိကာ သို့ .....