ကျွန်တော့်အဖေ

ကျွန်တော့်ရဲ့ သူရဲကောင်းက အဖေပါ
အမြဲတမ်း လှုပ်ရှား ကျန်းမာသူ ဘ၀ဒဿန အရိုးဆုံး တွေးမြင်သူ
ကလေးတစ်ယောက်အတိုင်း အပြစ်ကင်းတဲ့ ကျွန်တော့်အဖေ

အားလုံးသွားရတဲ့ ဘ၀တစ်ဖက်က
ကျွန်တော်ရဲ့ အမေရေ လှမ်းကြည့်လှည့်ပါ
လွမ်းဆွတ်တမ်းတ အဖေ့ရဲ့မျက်ရည်/ အမေ့အတွက်မျက်ရည်
တိတ်တဆိတ်ကျ အဖေ့အတွက်သား အမြဲ ကြေကွဲ

အဖေ ချမ်းမြေ့ပါစေ ဆုတောင်းတဲ့ အမေ့အသံ
အထက်မိုးကောင်းကင်မှာ ပျံ့လွင့်
အရှုံးမပေးနဲ့ အဖေရေ ကျွန်တော် အဖေ့အတွက် ရှိတယ်
ဘ၀လှိုင်းကြမ်းပင်လယ် အဖေနဲ့ ကျွန်တော် ဖြတ်မယ်

အဆိုးများတွေ့သလို အကောင်းတစ်လှည့် ရှိမယ်
ပြဌာန်းချက် မရှိတဲ့ ဘ၀ ရင်ဆိုင်စို့/ ခံယူစို့
မမြဲတဲ့ ဘ၀တွေဟာ အမြဲတမ်းရှိမှာ
အဖေနဲ့ ကျွန်တော့်ဘ၀ အချိန်များ ထာဝရ အမှတ်တရ

ကျွန်တော်ရဲ့ သူရဲကောင်းက အဖေပါ
အတွင်းစိတ်ရင်းသဘောထား နူးညံ့သူ အဆိုးများတွေ့လည်း
အကောင်းဘက်တွဲမြင်သူ ကလေးတစ်ယောက်အတိုင်း
အပြစ်ကင်းတဲ့ ကျွန်တော့်အဖေ ..... အဖေ .....

မာတိကာ သို့ .....